ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD ကနေ ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် တရားဝင် အသိအမှတ်ပြုတည်ထောင်ပေးခဲ့တာ ဧပြီလ (၁၇) ရက် ဒီနေ့မှာ (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

၁၀၀၆ တပ်ရင်းအနေနဲ့ တည်ထောင်ခြင်း (၃) နှစ်တာကာလအတွင်း အခြားတော်လှန်ရေးအင်အားစုတွေလို အခက်အခဲတွေ၊ ရုန်းကန်မှုတွေနဲ့ စွန့်လွှတ်မှုများစွာတို့ကို ချိနဲ့မှုပေါင်းစုံများကြားက ဒီနေ့ထိတိုင် တော်လှန်ရေးခရီးလမ်းမှာ ကြံ့ကြံ့ခံ ရပ်တည်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်စွဲကိုင်တော်လှန်ရေးမှသည် စစ်မှန်သော ဒီမိုကရေစီ ရရှိရေး၊ တစ်မျိုးသားလုံး လွတ်မြောက်ရေး ရည်မှန်းချက်တွေဆီ အရောက်လှမ်းနိုင်စေဖို့ လမ်းပြခဲ့တဲ့ ကျဆုံးအာဇာနည် သူရဲကောင်းတွေအဖြစ် ၁၀၀၆ တပ်ရင်းမှာ ၃၁ ယောက် ရှိခဲ့ပြီး ကိုယ်လက်အင်္ဂါပေးလှူခဲ့ရသူ ၁၈ ယောက် တိတိ ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ကျဆုံးစစ်သည်မိသားစုဝင်တွေကို တပ်ရင်းရှိ တပ်ဖွဲ့ဝင်တွေက နွေးထွေးစွာ ဂုဏ်ပြုချီးမြှင့်စကားပြောကြားတာနဲ့ ဦးညွှတ်အလေးပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖယ်ခုံPDF (၁၀၀၆ တပ်ရင်း) အနေနဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးလမ်းခရီးမှာ ရည်မှန်းချက် အောင်ပွဲရတဲ့အထိ ဆက်လက်လျှောက်လှမ်းနေမှာဖြစ်ပြီး ဘုံရန်သူ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ အာဏာရှင်စနစ်ကို နောင်မျိုးဆက်တွေအတွက် အမြစ်ပြတ်တဲ့အထိ ချေမှုန်းတိုက်ထုတ်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်စောင့်ရွာကို ညအိပ်ချိန် စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်နှင့် အမျိုးသမီးများအပါ ၆ ဦး သေဆုံး၊ နေအိမ် ၂၈ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက ညအိပ်ချိန် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၆ ယောက်  သေဆုံးပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံံက သိရပါတယ်။
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်မှုအတွင်း ၂၄ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျောက်ထုမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ယောက်အပါအဝင် စစ်သား ၂၄ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Yaw Army – YA တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲများအတွင်း ခလရ (၄၇) တပ်ရင်းကို KIA နှင့်ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ၊ တိုက်ပွဲများအတွင်း ခလရ (၄၇) ဗျူဟာမှူး အပါအဝင် စစ်ကော်မရှင် အရာရှိနှင့် တပ်သား အများအပြား သေဆုံးဟုသိရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲများ ယခုရက်ပိုင်းအတွင်း တကြော့ပြန် ပြန်လည်ပြင်းထန်လာချိန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၄၇ ခြေလျင်တပ်ရင်း (ခလရ ၄၇) ကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲများအတွင်း ခလရ (၄၇) ဗျူဟာမှူး အပါအဝင် စစ်ကော်မရှင်ဘက်က အများအပြား သေဆုံးခဲ့တယ်လို့လည်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

ဝမ်းတွင်းမှာ စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတဲ့ ပျုစောထီးမိသားစု ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု တမာကန်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် မောင်လွင်နဲ့ မိသားစုဟာ ကျေးရွာနေ ပြည်သူတွေဆီက စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) အဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးအိုးဘို အကျဉ်းထောင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသား (၇)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း PPNM ထုတ်ပြန်…

“ဒရုန်းကြဲတဲ့ အဖွဲ့ကို ကျွန်တော်တို့ အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီက ကြဲတာလား… တော်လှန်ရေးအင်အားစုတွေက ကြဲတာလား ဆိုတာကို တိတိကျကျ ပြောဖို့ အခက်အခဲရှိပါတယ်၊ ကျွန်တော်တို့ အချက်အလက် ရရင်တော့ တရားဝင်ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဒရုန်နဲ့ကိုမှ Drop ဗုံးချခဲ့တာ ဖြစ်ပါတယ်” လို့ PPNM မှ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် (၈) သင်တန်းဆင်းပွဲ

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်က ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။