ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရှင်းလင်းခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ကလေးဒေသတော်လှန်ရေးတပ် (KRF) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့နဲ့အတူ 96 Soldiers PDF ၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၊ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု (SFT) ၊ ယောကာကွယ်ရေးတပ် (YDF)၊ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အပါအဝင် မဟာမိတ်တပ်ဖွဲ့ ၁၆ ဖွဲ့က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့မှာ စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီလမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်မြို့နယ်မှာ အတုအ‌ယောင်‌ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ် (ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအ‌‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယနေ့ ဒီဇင်ဘာ ၂၀ ရက်က ကြို့ပင်ကောက်မြို့နယ်အတွင်း ပြည်သူလူထု အင်အား ၃၀၀ ကျော်က အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲမှာ ''အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွတ် ချက်ချင်းလွတ်၊ နိုင်ငံရေးအကျည်သားများကို ချက်ချင်းလွတ် ချက်ချင်းလွတ်၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ အလိုမရှိ . . .'' စတဲ့ ကြွေးကြော်ခဲ့ကြပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပိုင်းမှာ လူငယ်တွေကို ပေါ်တာဆွဲဖို့ လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၈ ယောက်သေ၊ ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းပိုင်း ကျေးရွာတွေက လူငယ်တွေကို ပေါ်တာဆွဲဖို့ စစ်ကောင်စီတပ်တွေ လာမယ်လို့ သတင်းရတာကြောင့် တော်လှန်ရေးရဲဘော်တွေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်း ပစ်ခတ်တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ထံက သိရပါတယ်။
Read More

Justice Soldier Droneတပ်ဖွဲ့ နည်းပညာအင်အားဖြည့်တင်းဖို့အတွက် သင်တန်းသားအယောက် ၂၀၀ ခေါ်ယူ (ရုပ်/သံ)

Justice Soldier Droneတပ်ဖွဲ့ နည်းပညာအင်အားဖြည့်တင်းဖို့အတွက် သင်တန်းသား အယောက် ၂၀၀ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

မိုင်းလာရှင်းသည့် စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်အတွင်း စစ်တပ်ယာဉ်တွေကို တိုက်ခိုက်ဖို့ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းကို လာရောက်ရှင်းလင်းတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ် ၆ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများအတွက် လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုတ်ထဲမှာ စပါးခွံနဲ့ သဲများသာ ပါဝင် (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများအတွက် လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုတ်ကို တော်လှန်ရေးရဲဘော်များက သိမ်းဆည်းရရှိပြီး ကြည့်ရှုစစ်ဆေးနေတဲ့ ရုပ်သံဖိုင်တစ်ခု Chin Defence Force - Mindatမှ ထုတ်ပြန်ထားပါတယ်။