မြန်မာနှစ်ဆန်း (၁)ရက်နေ့မှာ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က စစ်ကိုင်းပြတ်ရွေ့ ငလျင်‌ကပ်ဘေးကြီးအတွင်း ကွယ်လွန်သွားတဲ့ ပြည်သူတွေအတွက် ရည်စူးပြီး ရန်ကုန်မြို့မှာ ကုသိုလ်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကွယ်လွန်သွားတဲ့ ပြည်သူတွေကို ရည်စူးကာ သံဃာတော်တွေကို နေ့ဆွမ်းကပ် သင်္ကန်းလှူပြီး၊ နဝကမ္မ ကုသိုလ်နဲ့ ရေစက်သွန်းချ အမျှပေးဝေခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘုရားရင်ပြင်ပေါ်တက်ကာ ပန်း၊ ရေချမ်း ဆက်ကပ်တာ ဇီဝ အသက်တွေဖြစ်တဲ့ ငှက်တွေနဲ့ ငါးတွေလွှတ်ကာ သဘာဝဘေးကြီးအတွင်း ဆုံးပါးသွားသူတွေအတွက် ဆုတောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတိုင်း ဘဝအဆက်ဆက် ခေတ်ဆိုး၊အဖြစ်ဆိုး၊ စနစ်ဆိုးနဲ့ စစ်အာဏာရှင်တွေ လက်အောက်ကနေ ကင်းလွတ်စေဖို့ ဆုတောင်းခဲ့ပြီး ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေကို ထပ်တူထပ်မျှ ရကြစေဖို့ အမျှပေးဝေခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈ တပ်ရင်းအမှတ် ၈၀၃ ရဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

မြန်မာနိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့် သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလ ထုတ်ပြန်


စက်တင်ဘာလ အစောပိုင်းကာလကစတင်ကာ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့်  သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
Read More

PDF နှင့် လက်တွဲတိုက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်များကို ကျေးဇူးတင်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော၊ PDF ၏ အောင်ပွဲသည် ပြည်သူ့အောင်ပွဲ၊ တော်လှန်ရေးအောင်ပွဲ ဖြစ်သည်ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်ပြီဖြစ်ကာ ၄နှစ်အတွင်းမှာ စစ်တပ်ကို ဖိအားပေး တိုက်ပွဲဝင်နိုင်ခဲ့ပြီး အောင်မြင်မှု များစွာရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၄ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ပြောပါတယ်။
Read More

NUG လက်အောက်ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့၏ အရာရှိငယ် (NCO) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့  (P.3-9702) က အရာရှိငယ် (NCO) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စလင်း(ပကဖ) အမည်ခံပြီး လိမ်လည်အလှူငွေတောင်းနေသူတွေကို ဖော်ထုတ်အရေးယူသွားမည်ဟု ဆို

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နာမည်ခံပြီး လိမ်ညာအလှူခံမှုတွေ ရှိနေတဲ့အတွက် စစ်ဆေးဖော်ထုတ် အရေးယူသွားမယ့်အကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက မောင်းကို ပြောပါတယ်။
Read More

မြောက်ဦးက AA ရဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ သေဆုံးမှုရှိဟု သိရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ရက္ခိုင့်တပ်တော် AA ရဲ့ စစ်သုံ့ပန်းတွေ ထားရှိရာ အကျဥ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းနဲ့ မိသားစုဝင်အချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။