မြန်မာ့ရိုးရာတန်ခူးလ သင်္ကြန်ကာလမှာ ရေးပြောက်ကျားတပ်ရဲဘော်တွေရဲ့ ဖြတ်သန်းမှုပုံရိပ် တွေကို ရေးပြောက်ကျားတပ်က ထုတ်ပြန်ပြသခဲ့ပါတယ်။

အိမ်ကို လွမ်းနေတဲ့ တပ်တွင်း ရဲဘော်တွေအတွက် သင်္ကြန်ရိုးရာမုန့်ဖြစ်တဲ့ မုန့်လုံးရေပေါ် လုပ်စားခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနှစ်သစ်မှာ တော်လှန်ပြည်သူအားလုံး ကိုယ်ကျန်းမာ၊ စိတ်ကျန်းမာစွာနဲ့ ဘေးအန္တရာယ်ကင်း ဝေးကြပြီး လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်ကြီးကို အမြန်ဆုံးရရှိပါစေကြောင်း ရေးပြောက်ကျားတပ်(YGF) က ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်း မှော်ဘီလေတပ်စခန်းကို Type 63 အမျိုးအစား ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ မှော်ဘီလေတပ်စခန်းကို အောက်တိုဘာ ၉ ရက် ညပိုင်းအချိန်က Type 63 အမျိုးအစား ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း (ဗိုလ်ကောက်ရိုးအဖွဲ့) ထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်ရှိ ဆေးရုံနဲ့ စျေးမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် သွားရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်ရှိ ဆေးရုံနဲ့ စျေးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂၅ ရက်က အမျိုးသားနေ့အထိမ်းအမှတ် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမာန်GZပြောက်ကြားတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရွှေမန်းရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

အင်အား ၂၀၀ ခန့်ရှိ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၇ ယောက်သေ၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အပါအဝင် ၁၄ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၇ ယောက်သေကာ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် ၁၄ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းထံက သိရပါတယ်။
Read More

ကပစ ၂၁ သို့ ပို့လွှတ်နေသော လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ရန်လာသည့် စစ်ကောင်စီတပ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်ဟန့်တား (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ ၂၁ သို့ ပို့လွှတ်နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဟန့်တားခဲ့တယ်လို့ People Defence Force - Chauk - သခင်ဖိုးလှကြီးတပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာ-ကျောက်ပန်းတောင်းလမ်းအထွက်မှာ ဘန်ကာ၊ ကတုတ်ကျွင်းတွေနဲ့ အခိုင်အမာတည်‌ဆောက်ထားတဲ့ စစ်ကောင်စီအထိုင်စခန်းအား စီးနင်းတိုက်ခိုက်၊ ငွေ သိန်း ၉၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာ-ကျောက်ပန်းတောင်းလမ်းအထွက်မှာ ဘန်ကာ၊ ကတုတ်ကျွင်းတွေနဲ့ အခိုင်အမာတည်‌ဆောက်ထားတဲ့ စစ်ကောင်စီအထိုင်စခန်းအား စီးနင်းတိုက်ခိုက်ပြီး ငွေသိန်း ၉၆ သိန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Taung Tha People Defense Force က ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားထိခိုက်သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့ ခလရ ၂၅၃၊ ၂၅၄နဲ့ ၂၅၅ က  အင်အား ၃၀၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်‌တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားထိခိုက် သေဆုံးခဲ့တယ်လို့ ဒေါင်းစစ်အောင် LPDF ထံက သိရပါတယ်။