အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ယောက်က စစ်ကောင်စီတပ် နှိပ်စက်တာကို မခံနိုင်တော့တာကြောင့် ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA က ထုတ်ပြန်ပါတယ်။

အဆိုပါပြည်သူ့စစ်တပ်ဖွဲ့ဝင်က တောင်ကြီးမြို့မှာ အလုပ်လုပ်နေရင်း ချစ်သူမိန်းကလေးကို သွားတွေ့ပြီး ပြန်လာရာ စစ်ဆေးရေးဂိတ်မှာ အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ထွက်ဆိုချက်အရ ရှေ့တန်းမတက်ချင်တဲ့ PNO ပြည်သူ့စစ်တွေကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်တာတွေ ရှိသလို အချို့ PNO တပ်ဖွဲ့ဝင်တွေကိုတော့ အမိန့်မနာခံဘူးဆိုပြီး စစ်ကောင်စီတပ်က ဓားနဲ့ လက်မောင်းကိုလှီးခြင်း၊ လောက်စာလုံးနဲ့ ခေါင်းကိုပစ်ခြင်း၊ ဝါးဆစ်ပိတ်နဲ့ ရိုက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ကျေးရွာအတွင်းရှိ ပြည်သူတွေရဲ့ စည်းစိမ်ပစ္စည်းတွေကို ခိုးယူခြင်း၊ ဓားပြတိုက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ အလင်းဝင်တဲ့ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်က ထွက်ဆိုထားပြီး လက်ရှိမှာတော့ PNLA ဆုငွေ ချီးမြှင့်ကာ သွားလိုတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် လစ်လပ်နေရာကို ဂျပန်အစိုးရ စေလွှတ်မှာမဟုတ်

ယခုအပတ်နှောင်းပိုင်းမှာ ဂျပန်နိုင်ငံကို ပြန်သွားခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ရဲ့ လစ်လပ်နေရာအတွက် ဂျပန်နိုင်ငံက သံအမတ်အသစ် စေလွှတ်မှာမဟုတ်ဘူးလို့ သံတမန်သတင်းအရင်းအမြစ်တွေက စက်တင်ဘာလ ၂၆ ရက် ကြာသပတေးနေ့မှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 
Read More

နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ဦး အလင်းဝင်လာ

မန္တလေးတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ယောက် အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းဆီက သိရပါတယ်။
Read More

စဉ့်ကူးတွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေပြီး အများအပြားဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ရှောက်ပင်ရိုးကျေးရွာကို အကြမ်းဖက်စစ်တပ် လေ​ကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၆ ယောက် သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံတွေက မောင်းကို ပြောပါတယ်။
Read More

စစ်မှုထမ်းဖို့ အကြောင်းမဲ့ ပျက်ကွက်နေသူတွေရှိလို့ ပြင်းထန်စွာ အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

နိုင်ငံတစ်၀န်းမှာ စစ်မှုထမ်းဖို့ စာရင်းပေးပြီးမှ ပျက်ကွက်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တင်အောင်ဆန်းက ပြောကြားလိုက်ပါတယ်။
Read More

ဝက်လက်တွင် စစ်ကောင်စီတပ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီ တပ်သား ၆ ယောက် လက်နက်တွေ ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ People's Servant Revolution - Wetlet က ထုတ်ပြန်ပါတယ်။
Read More

တပ်သားသစ်လိုအပ်ချက် များပြားနေတဲ့ စစ်တပ်က စစ်ကိုင်းနဲ့ မန္တလေးမှာ လူငယ်လူရွယ်တွေကို အလုံးအရင်းနဲ့ ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ ကလေး၊  ကလေးဝနဲ့ မန္တလေးတိုင်း ညောင်ဦး၊ မြင်းခြံ မြို့နယ်တွေမှာ တပ်သားသစ်လိုအပ်ချက်များပြားနေတဲ့ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို အလုံးအရင်းနဲ့ဖမ်းဆီးနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။