စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အ‌ရှေ့ပိုင်းမှာ People’s Healthcare Network (Kalay) ရဲ့ Medical Centre (6)၊ PHN (Kalay) ကို မေလ(၁)ရက်က စတင်ဖွင့်လှစ်ထားရှိကာ ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အရေးပေါ်ဆေးဝါးကုသမှုတွေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာလည်း ဒေသခံပြည်သူနှင့် စစ်ဘေးရှောင်ပြည်သူ ကျား (၉၆) ယောက်၊ မ (၁၃၁) ယောက်နဲ့ စုစုပေါင်း (၂၂၇) ယောက်၊ ငါးနှစ်အောက်ကလေးလူနာ (၂၂) ယောက်၊ ကိုယ်ဝန်ဆောင်မိခင် (၃) ယောက်နဲ့ ပြည်သူ့ရဲဘော် (၄) ယောက်တို့ကို လိုအပ်တဲ့ ဆေးဝါးပြုစုကုသမှုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ PHN (Kalay) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဟန်ပြအပစ်ခတ်ရပ်ထားသည့် စစ်ကောင်စီ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဌာနချုပ်ဧရိယာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ရဲ့ ဌာနချုပ်ဧရိယာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် - PNLO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ) ၏ ၇၈ ကြိမ်မြောက် အာဇာနည်နေ့ ဦးညွှတ်ဂုဏ်ပြုခြင်းအခမ်းအနား… (ဓာတ်ပုံသတင်း)

ဇူလှိုင် ၁၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ၉ ယောက်ကို ဦးညွှတ်အလေးပြုခြင်းနဲ့ နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ရေစကြိုမြို့နယ်(ပ.က.ဖ) မှ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်(၂၁) ယောက်ကို ဦးညွှတ်အလေးပြုခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းစစ်ဆင်ရေးပြုလုပ်

ရွှေစက်တော်ဘုရားအနီးက စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းဗုံးသီးအလုံးရေ ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းက ရဲဘော် ၂ ယောက် ကျဆုံးခဲ့…

ကရင်နီပြည်၊ မိုးဗြဲမြို့ရဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကြောင်းထိုးနေသည့်စစ်တပ်နှင့် PDF ၂ရက်ဆက်ထိတွေ့မှုဖြစ်၊ စစ်ကောင်စီဘက်က အရာရှိအပါ ၄ဦးသေပြီး အများအပြားဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၄ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း Fire Dragon PDF (မီးနဂါးစစ်ကြောင်း) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်တွင် (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့ အခမ်းအနား ပြုလုပ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်မှာ (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။