မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်များ ငလျင်အကူအညီပေးရေး ခေါင်းစဉ်နဲ့ တွေ့ဆုံကြမယ့်အပေါ် အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တော်လှန်ရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်လိုက်ပါတယ်။

NUG၊ KNU၊ KNPP၊ CNF အပါအဝင် တော်လှန်ရေးအင်အားစုတွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်များ တွေ့ဆုံဖို့ ရှိနေတယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး သဘောထား ကြေညာချက်တစ်ရပ်ကိုဒီနေ့ ဧပြီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အာဆီယံခေါင်းဆောင်များဟာ မင်းအောင်လှိုင်နဲ့ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စများကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် တိုင်းပြည်ရဲ့ ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ စစ်လက်နက်တွေ လေယာဉ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်နေတဲ့ စစ်အုပ်စုကို စာနာထောက်ထားမှု အကူအညီပေးရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမယ့်အပေါ် မိမိတို့အနေနဲ့ များစွာအထူးစိုးရိမ်မကင်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ခွဲခြားဆက်ဆံမှုနဲ့ ဘက်လိုက်မှုကင်းတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အာဆီယံခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရဲ့ နယ်နိမိတ် ၂၂ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်တော့တဲ့ စစ်ကောင်စီထံ ပေးအပ်မှုအပေါ် ပြန်လည်သုံးသပ်စဉ်းစားသင့်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့ကြောင့် စစ်အုပ်စုထံ တိုက်ရိုက် ဆက်ဆံပေးအပ်ခြင်း မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများက ထိန်းချုပ်စီမံ အုပ်ချုပ်ထားတဲ့ နယ်မြေများရှိ ပါဝင်ပတ်သက်သူ အစုအဖွဲ့ အားလုံးနဲ့ ချိတ်ဆက်ပေးအပ် ထောက်ပံ့ဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းပါတယ်။

အမှန်တကယ် ထိခိုက်ခံစား နေရတဲ့ သဘာဝဘေး၊ စစ်ဘေးဒဏ်ခံ မြန်မာပြည်သူများထံ အကူအညီပေးရေး အစီအမံများ တိုက်ရိုက်ရောက်ရှိနိုင်စေရေး သက်ဆိုင်သူများအားလုံးနဲ့ လုပ်ငန်းစဉ်တရပ်အဖြစ် ချိတ်ဆက် ဆောင်ရွက်သွားဖို့ အထူးပင်လိုအပ်တယ်လို့လည်း တိုက်တွန်းပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ချက်ပါ အခြေခံအချက် တခုဖြစ်တဲ့ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေးဆိုတဲ့ မူအပြင်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ရှေ့မှောက်မှာ လိုက်နာရန်သဘောတူညီခဲ့မှုတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့ တရားခံဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံဟာ စစ်ဘေးနဲ့ ငလျင်ဘေးခံစားနေရချိန်မှာ အာဏာသိမ်း စစ်အုပ်စုက တဖက်သတ်ဦးစီးကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ့် ဦးစားပေးလုပ်ငန်းစဉ် မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် မြန်မာပြည်အတွင်း အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ မြန်မာပြည်သူလူထုရဲ့ လိုလားချက် မျှော်မှန်းချက်များကို ကိုယ်စားပြုသဘောထား ထင်ဟပ်စေနိုင်မယ့်( Myanmar-Owned and Myanmar-led process) ဖြစ်စေဖို့အတွက် စစ်ခေါင်းဆောင်နဲ့ တဖက်သတ် ဆက်ဆံဆောင်ရွက်မှုများကို အထူးသတိပြုဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှတဆင့် ပေးအပ်မယ့် လူသားချင်းစာနာထောက်ထား အကူအညီတွေဟာလည်း နိုင်ငံရေးအရ အလွဲအသုံးချမယ့်အန္တရာယ်ကို မလွဲမသွေ တွေ့ကြုံရနိုင်လို့ အပြင်းအထန် ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

0 Shares:
You May Also Like
Read More

ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်နဲ့ ဆန်ဖရန်စစ္စကိုက လူထုလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် “ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်ဖြင့်  အမေရိကန်ရောက်မြန်မာပြည်သူတွေက  စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

မုံရွာမှာ ဗိုလ်ကြီးအဆင့်ရှိသူအပါ စစ်ကောင်စီတပ်သား ၂ ဦးကို တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စက်တွင်းအထိုင်စခန်းကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို စောင့်ကြိုတိုက်ခိုက်ရာ ၂ ယောက်လုံး နေရာမှာတင် သေဆုံးသွားတယ်လို့ ပြည်သူ့လူမိုက်အဖွဲ့  (Local PDF) ထံက သိရပါတယ်။
Read More

PDF တွေကို ​ကြိမ်းဝါးဆဲဆိုခဲ့တဲ့ မြွေဟောက် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို စိန်ခေါ်ဆဲဆို​နေတဲ့ စစ်တပ်လော်ဘီ ဇော်ဝင်း (ခ) မြွေဟောက်ဆိုသူ ​မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။
Read More

(၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားငယ် ကိုထိန်လင်း ဆုလက်ခံ ရယူ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲအခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ကိုထိန်လင်း(ခ) ကင်အဲရစ်က ကိုယ်စား လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
Read More

မကွေးဖက်ဒရယ်ယူနစ်၊ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်တစ်ဦး ကျဆုံး

" လူကြီးရောဂါနဲ့ ကွယ်လွန်တာပါ ။ တော်လှန်ရေးနယ်မြေတစ်နေရာမှာ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တွန်းလှန်နေတုန်း ကွယ်လွန်သွားတာဖြစ်လို့ ဂုဏ်ပြုတဲ့အနေနဲ့ မြင့်မြတ်စွာ ကျဆုံးသည်လို့ ခေါ်ဝေါ်သုံးစွဲတာ ဖြစ်ပါတယ်" လို့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ရဲ ကမောင်း ကိုပြောပါတယ် ။
Read More

ဖားဆောင်း ခလရ ၁၃၅ မကျရေး စစ်တပ်ခုခံနေ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က ခလရ (၁၃၅) စစ်စခန်းမကျရေးကို စစ်တပ်က ခုခံနေဆဲဖြစ်ပြီး တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။