နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ အမည်ခံထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ့အာဏာကို လုယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူ (Enemy of the State) ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။

ဧပြီလ ၁၅ ရက်၊ မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့“ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်မှာ ဦးနေဘုန်းလတ်က အခုလို ပြောကြားခဲ့တာပါ။ တဆက်ထဲမှာပဲ တရားဝင်မှု အပြည့်ရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို အတိုက်အခံ၊ အစိုးရအားပုန်ကန်သူ (Rebel) လို့ သတင်းမီဒီယာတချို့မှာ ခေါ်ဝေါ်သုံးစွဲနေမှုကိုလည်း ရှောင်ရှားပေးဖို့ ၄င်းကဆက်လက်ပြောကြားခဲ့ပါတယ်။

“ NUG, CRPH ,NUCC တို့ဟာ ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးတစ်ခုကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် ဖြစ်နေတာမဟုတ်ဘဲ တော်လှန်ရေး ဖြစ်နေတာပါ။ တရားဝင်မှုအပြည့်ရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို အတိုက်အခံလို့ အသုံးပြုနေတာ … မြန်မာနိုင်ငံမှာဖြစ်နေတဲ့ တော်လှန်စစ်ပွဲတွေကို ပြည်တွင်းစစ်လို့ အသုံးပြုနေတာ … အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က PDF တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို အစိုးရအားပုန်ကန်သူ (Rebel) လို့ အသုံးပြုနေတာ တွေကို ကန့်ကွက်ကြောင်းနဲ့ မှန်ကန်တဲ့ အသုံးအနှုန်းနဲ့ အသုံးပြုပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းပြောကြားချင်ပါတယ်” ဦးနေဘုန်းလတ်က ဆိုပါတယ်။

“စစ်ခေါင်းဆောင်ကိုယ်တိုင်ပါဝင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်သူ့ဆန္ဒနဲ့ ပေါ်ပေါက်လာတဲ့ တရားဝင်အစိုးရတစ်ရပ် မဟုတ်ပါဘူး” လို့လည်း ဦးနေဘုန်းလတ်က ပြောကြားခဲ့ပါတယ်။ အလားတူ အကြမ်းဖက်စစ်တပ်ဟာ တရားဝင်အစိုးရကို မတရားဖမ်းဆီးကာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ အစုအဖွဲ့သာဖြစ်ပြီး၊ သူတို့ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ အမည်ခံကာ ပြည်သူ့အာဏာကို လုယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူ (Enemy of the State) ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ဆက်လက်ပြောခဲ့ပါတယ်။

အင်အားပြင်းငလျင်ကာလအတွင်း စစ်ကောင်စီရဲ့ ပိတ်ပင်တားဆီးမှုတွေကြောင့် သတင်းရယူခွင့် မရှိတဲ့ကြားက မြန်မာပြည်သူတွေရဲ့ အခက်အခဲကို ကမ္ဘာကြီးက သိရှိအောင် ကြိုးစားဆောင်ရွက်ပေးခဲ့တဲ့ သတင်းမီဒီယာတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် တိုက်ခိုက်ရင်း Loikaw Local PDF မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သိန္နီခရိုင်၊ သံလွင်နယ်၊ နမ့်ပေါင်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြန်စာသင်ကျောင်းတစ်ခုပျက်စီးခဲ့ပြီး အရပ်သားတစ်ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင်၊ သံလွင်နယ်၊ နမ့်ပေါင်ကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ မြန်စာသင်ကျောင်းတစ်ခုပျက်စီးခဲ့ပြီး အရပ်သားတစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

မှော်ဘီလေတပ်စခန်းမှာ အကြမ်းဖက်စစ်တပ် စက်တပ်လေထီး မောင်းနှင်မှု သင်တန်းပို့ချနေ

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းထဲမှာ အကြမ်းဖက်စစ်ကောင်စီက စက်တပ်လေထီး မောင်းနှင်မှု သင်တန်းပို့ချနေတယ်လို့ မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီတပ် ကြေညာခဲ့သည့် အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ နောင်ချိုကို ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ခုခံတိုက်ခိုက်နေတဲ့ အာရှလမ်းမကြီး စစ်မြေပြင်တနေရာမှာ (၇၆) မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်…

ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ခုခံတိုက်ခိုက်နေတဲ့ အာရှလမ်းမကြီး စစ်မြေပြင် နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်က ကရင့်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) ပ ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးတိုင်းထဲက တံတားဦးနဲ့ ငါန်းဇွန်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း သိရပါတယ်။ အောက်တိုဘာ ၃ရက်၊ မနေ့ကမနက်ပိုင်းမှာ တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကုလားဆိုသူကို လက်နက်ကိုင်အဖွဲ့ ၁ခုက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ပြီး…