ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ကမ်းနီရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက်ထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ သင်္ကြန်အကြတ်နေ့ (ဧပြီလ ၁၅ရက်) နေ့လယ်ပိုင်းမှာ သင်္ကြန်ကာလ ဒေသခံတွေ ဥပုသ်သီလစောင့်တည်ရာ ကမ်းနီရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

ကျုံဒိုးမြို့အနီးတဝိုက် ဒီနေ့မနက် အစောပိုင်းမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ ပြည်သူတွေ ငလျင်ဒဏ်ခံစားနေရချိန်မှာ တိုက်ခိုက်မှုတွေ ရပ်တန့်ခြင်း မရှိဘူးလို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြကြေညာခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ၆၈ ကြိမ် ပြုလုပ်ကာ ပြည်သူ ၆၄ ယောက် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦး၊ ဝရဇိန်တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ၊ သင်တန်းသား ၃၀ ကို လက်နက်တပ်ဆင်ပေးခဲ့

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦးရဲ့ ဝရဇိန်တပ်ဖွဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၉ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရဲဘော်ကိုစိုင်း(ခ) ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုအပေါ် သတ်ဖြတ်သူတွေနှင့် စေခိုင်းသူများကို တာဝန်ယူပေးဖို့ KNDF-B29 ကရင်ဖြူရဲဘော်များ တောင်းဆို

ပျဉ်းမနားစစ်ကြောင်းမှူးတစ်ဖြစ်လဲ ကရင်ဖြူမျိုးနွယ်စု ဥက္ကဌ ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို ညှင်းပန်းသတ်ဖြတ်ခံရမှုအပေါ် ကယန်းပြည်သစ်တပ်မတော်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ထိထိရောက်ရောက် အရေးယူပေးဖို့လိုတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၂၉)၊ တပ်ခွဲ (၁) ကရင်ဖြူ ရဲဘော်တွေက တောင်းဆိုလိုက်ပါတယ်။
Read More

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၉၄၂၀ တပ်ရင်းရဲ့ ၂ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ အမှတ် ၉၄၂၀ တပ်ရင်းရဲ့ တပ်ရင်းတည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနား နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စက်တင်ဘာလ ပထမပတ်အတွင်းမှာပင် ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထား

စက်တင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီ တောင်ပိုင်းတိုင်းဒေသအတွင်း ပြည်သူ ၃ဦးကို ရှင်းလင်းခဲ့ပြီး ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထားကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

SSNDF / KNDF ဗျူဟာအမှတ် ၉ ရှိ ရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် (SSNDF) / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် ၉ က တော်လှန်ရဲဘော်တွေရဲ့ရှေ့တန်းစစ်မြေပြင်မှာ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ရာဇဝတ်မှုများ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေသည့် စစ်ကောင်စီကို  အရေးယူနိုင်ရေး ပြည်သူတစ်ရပ်လုံး ကြိုးစားဆောင်ရွက်ဖို့ အရေးကြီးဟု ဆို 

စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို  အရေးယူနိုင်ဖို့ တော်လှန်ပြည်သူတွေအားလုံး ကြိုးစားဆောင်ရွက်ကြဖို့  အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ထုတ်ပြန်ပါတယ်။