အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ ဖယ်ရှားပစ်ရမယ့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိ ရှိတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က မနေ့က ဧပြီလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇ ရစ်ချ်တာစကေး အဆင့်ရှိ ငလျင်ကြီးကြောင့် မြန်မာပြည်သူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ကြရပြီး လူနေအိမ်တွေ၊ လမ်းတံတားတွေ၊ ဘုရားစေတီတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

UNDP ရဲ့ ထုတ်ပြန်ချက်အရ အရေးပေါ်ဖယ်ရှားရမယ့် အပျက်အစီးတွေဟာ တန်ချိန် ၂သန်းခွဲခန့်၊ ကုန်တင်ကား ၁၂၅,၀၀၀ စီးစာခန့် ရှိတယ်လို့ သိရပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေဟာ ၄၀ ဒီဂရီ အပူချိန် နဲ့ မိုးရွာသွန်းမှုတွေကို ကြုံတွေ့နေရပြီး လူ ၆၀၀၀၀ ကျော်ဟာ ယာယီခိုလှုံရာ နေရာတွေမှာ နေထိုင်နေရတယ်လို့ ထုတ်ပြန်ပါတယ်။

ငလျင်ဘေးသင့် ဒေသတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ ပြည်လည်တည်ဆောက်ရေးအတွက် အရေးပေါ် အကူအညီတွေ အမြန်ဆုံးပေးအပ်ကြဖို့လည်း နိုင်ငံတကာကို UNDP က တောင်းဆိုတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ နမခမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ‌ တော်လှန်ရေးတပ်ဖွဲ့ထံကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒို့အရေးချန်နယ်ဆီက သိရပါတယ်။
Read More

ဇီးကုန်းနယ်တွင် ၃ နှစ်နီးပါး တပ်စွဲထားသည့် ပျူစခန်းတိုက်ခိုက်ခံရ၍ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် မီးကောက်ပင်ကျေးရွာမှာ သုံးနှစ်နီးပါးအ ထိုင်ချတပ်စွဲထားတဲ့ ပျူစခန်းကိုသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁တပ်ခွဲ ၁ တပ်ခွဲမှူးဆီက သိရ ပါတယ်။
Read More

YBS ယာဉ်မောင်းဘဝမှ ပေါ်တာဆွဲခံရပြီး စစ်သားဖြစ်လာသူ KNLA တပ်ရင်း(၈) ထံ လက်နက်ချအလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ-၄၃၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဒေသ ၊ မကွေးတိုင်းအခြေစိုက် သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်း အခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်က လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စဥ့်ကူးမှာ လူစည်ကားရာ စျေးကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၆)ဦးအပါ ပြည်သူ (၂၇)ဦး သေဆုံး၊ အယောက် ၃၀ ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာက စျေးတန်းကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၆) ယောက် အပါအဝင် ပြည်သူ (၂၇) ယောက် သေဆုံးခဲ့တယ်လို့ MDY-PDF က ဒီနေ့မှာ ထပ်မံ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေကို စစ်သင်တန်းပေးနေ

ပြည်နယ်နဲ့တိုင်း အသီးသီးက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတယ်လို့ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။