စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဝါဒဖြန့် ပြောဆိုပါတယ်။

ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကူညီရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်စဲထားပေမယ့် KIA ၊ KNU နဲ့ PDF တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ဇော်မင်းထွန်းက စစ်တပ်ရဲ့ ဝါဒဖြန့် ရုပ်သံကတဆင့် ပြောကြားလိုက်တာပါ။

စစ်ကောင်စီက အပစ်အခတ်ရပ်စဲထားတယ်လို့ ဆိုပေမယ့် သူတို့လက်လွှတ်ထားရတဲ့ ကျေးရွာတွေကို နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်မှုရှိတဲ့အပေါ်ကိုတော့ ဝန်ခံပြောဆိုခြင်း မရှိပါဘူး။

“KNPP/KNDF အနေနဲ့ ဧပြီလ ၁၃ ရက်နေ့ မနက် ၇ နာရီမှာ ဘောလခဲမှာရှိတဲ့ လုံခြုံရေးစခန်းတစ်ခုကို ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။ KNU အနေနဲ့ ဧပြီလ ၁၂ ရက်နေ့ ည ၁၂ နာရီအချိန်လောက်နဲ့ ဧပြီလ ၁၃ ရက်နေ့ ည ၉ နာရီခွဲလောက်မှာ ထီးတာစခန်းကို ဒရော့ဗုံးတွေ ဒရုန်းတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒရော့ဗုံး ၇၀ ကျော်လောက် ပစ်ခတ်တာတွေ့ရပါတယ်။ ဧပြီလ ၁၃ ရက်နေ့ နေ့လယ် ၁နာရီခွဲမှာ မြင်းမူ အလာကပကျေးရွာမှာ မြင်းမူ PDF အဖွဲ့တွေ အလာကပ ကျေးရွာမှာရှိတဲ့ လူနေအိမ်ခြေတွေနဲ့ လုံခြုံရေးစခန်းတစ်ခုကို လာရောက်ပစ်ခတ်ခဲ့တယ် “ လို့ ဇော်မင်းထွန်းကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ငလျင်လှုပ်ခတ်အပြီး အပစ်အခတ်ရပ်စဲထားတဲ့ကာလအတွင်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၇၀ ထက်မနည်းလုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူ ၁၀၀ ထက်မနည်းသေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမှာ စစ်ရေးတင်းမာနေပြီး တညောင် – ဆင်ဖြူကျွန်းလမ်းပိုင်းကို စလင်း ပကဖ ယာယီပိတ်ထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေရာ အရပ်သားသေဆုံးမှုတွေရှိ​တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကိုင်းကနေ မုံရွာကိုလာတဲ့ စစ်ကောင်စီ ဆီဘောက်ဆာယာဥ်တန်းကိုလည်း အနီးကပ် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာ-မန္တလေးလမ်းပိုင်းပေါ် လမ်းကင်းယူဖို့ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး  အရာရှိ ၁ ယောက်အပါအဝင် ၄ ယောက် ထိခိုက်သွားကြောင်း Brave Heart Army (BHA) အဖွဲ့ထံက သိရပါတယ်။
Read More

ဖြူးနဲ့ အုတ်တွင်းမှာ ၆ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော် သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ (၆)ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်ပြည်နယ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ကရင်ပြည်နယ် အာရှလမ်းပိုင်းဖြစ်တဲ့ တော်နော်ရေတံခွန်အနီးမှာ နိုဝင်ဘာလ ၄ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။