မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း (ဆော PDF)က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက စစ်ကောင်စီတပ်က တပ်ကြပ်ကြီးတစ်ယောက်ဟာ အမှတ်(၁)စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်းဆီ စက်ကလေးခေါ် MA-2 လက်နက်၊ ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့ပါတယ်။
အခုလို ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက်ပူးပေါင်းခဲ့တဲ့ အဲ့ဒီစစ်ကောင်စီတပ်သားကို ယူဆောင်လာခဲ့တဲ့ လက်နက်အမျိုးအစားအပေါ် မူတည်ပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အခုအချိန်ဟာ အကြမ်းဖက်စစ်တပ်ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြင့်တင်နေတဲ့ကာလဖြစ်ပြီး
စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားတွေ၊
ရဲတပ်သားတွေ အနေနဲ့ မိမိအသက်အာမခံချက်ရရှိအောင် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးဝင်ရောက်ခိုလှုံကြဖို့ ဆော PDF က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မလိုအပ်ဘဲ မသွားလာဖို့ PDF သတိပေး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ  အချိန်မရွေးတိုက်ပွဲတွေ ဖော်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာနေထိုင်ပေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုနေပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ဦး သေဆုံး၊ အများအပြား ထိမှန်ဒဏ်ရာ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုက Y12 လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

လားရှိုးမြို့ကို လေကြောင်းကနေတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို MNDAA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲမှာ မဲပေးဖို့ ဆိုပြီး ပြည်တွင်းပြည်ပ ၅၀၅ (က) များကို အကြမ်းဖက်စစ်တပ် လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်

မဲပေးခွင့်ရှိ‌တဲ့ နိုင်ငံသားတွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် စွပ်စွဲဖမ်းဆီးထားတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေအပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ သက်သာခွင့်နဲ့ အမှုပိတ်သိမ်းခွင့်ပြုတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

အောက်တိုဘာလ နှစ်ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အောက်တိုဘာလ နှစ်ပတ်တာအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်ရှိ မူးတိမ် ပျူစောထီးရွာအား တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ လက်နက် ၅လက် ရရှိ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ဝါသဝလက်အောက်ခံ မူးတိမ် ပျူစောထီးရွာကို နိုဝင်ဘာ ၂၈ရက်နေ့မနက်ပိုင်းမှာ တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၇ရက် ညပိုင်းကစလို့ သဃ်န်းဝတ်ဝါသဝလက်အောက်ခံ ပျူစောထီးရွာတွေထဲက တစ်ရွာဖြစ်တဲ့ မူးတိမ်ရွာကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ၂၈ရက်နေ့ မနက်ပိုင်းမှာ သိမ်းမိတာဖြစ်ကာ စစ်အုပ်စုဝင်အများစု ထွက်ပြေးသွားခဲ့တယ်လို့လည်း ဓူဝံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေဦးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။