ရေတာရှည်နဲ့ တန့်ဆည်မြို့နယ်တို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အရပ်သား ၂ယောက်သေဆုံးပြီး ဘုရားစေတီ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းကိုပြောပါတယ်။

ဧပြီလ ၁၁ရက် နေ့လယ်ပိုင်းက ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ကမ်းမှာရှိတဲ့ တော်လှန်ရေးတပ်တွေ စိုးမိုးထားရာ ပိတောက်ကုန်းအုပ်စု၊ ရေငံကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားကျေးရွာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား၁ယောက် နေရာတင် သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် (၃၅၀၂) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လယ်မရွာကိုလည်း စစ်ကောင်စီက ဧပြီ ၁၃ရက်၊ ဒီနေ့ညနေပိုင်းမှာ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကို ပြောပါတယ်။

တံတားဦးတက် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် လယ်မကျေးရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းဆောင်တွေမီးလောင်ပျက်စီးပြီး ဘုရားစေတီပြိုကျကာအရပ်သား ၁ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲမရှိဘဲ ညနေ ၃နာရီခွဲလောက် လာကြဲသွားတာပါ။ ပေါင် ၅၀၀လည်း ပါလောက်မယ်။ စိစစ်နေဆဲပါ။ လောလောဆယ် ကျနော်တို့ဘက်က ငလျင်ရော သင်္ကြန်ကာလမို့ ထိုးစစ်ရပ်ထားတာ ဒီကောင်တွေ အခုလိုလုပ်သွားတာပေါ့။” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တန့်ဆည်မြို့နယ်၊ လယ်မရွာအတွင်း ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်မှု ၆ဦး ဒဏ်ရာရကာ အဆောက်အအုံများ ထိခိုက်ပျက်စီး

ငလျင်လှုပ်ခတ်မှုအပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ ၆ယောက် ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ဒီနေ့ ထုတ်ပြန်လာပါတယ်။
Read More

အုတ်ဖိုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ခဲ့…

ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ခေါ်ဆောင်ကာ သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မိုးကုတ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ အယောက် ၂၀ အထိ တိုးလာနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ အယောက် ၂၀ ကျော် ရှိလာပြီလို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်မှုထမ်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က မတရားဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခဲ့တဲ့ စစ်သား(၃) ယောက် လက်နက်တွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၉) ဆီ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ဇီးကုန်းမှာ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာကို ကင်းထောက်လာတဲ့ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

သုံးဆယ်မှာ ပေါ်တာဆွဲခံရသည့် လူငယ် ၃ ဦးကို သိန်း ၂၀၀ ဖြင့် ရွေးခဲ့ရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။