​ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ (၃၃)ရက်တာ တိုက်ပွဲဖြစ်ပွားမှုအတွင်း ခလရ(၂၉) ဒုတပ်ရင်းမှူး သိန်းသန်းအပါ ၆၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကာ ၃ ယောက် အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၂၉ ရက်ကနေ သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင် စစ်ကောင်စီ တပ်စခန်းကို ပိတ်ဆို့ခဲ့ပြီးနောက် နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီလ ၇ ရက်မှာ ကျေးကတော စစ်ကောင်စီတပ်စခန်းက ရှမ်းလယ်ပြင် တပ်စခန်းဆီ စစ်ကူစေလွှတ်တဲ့ စစ်ကောင်စီတပ် အင်အား (၃၀) ကျော်ပါ စစ်ကြောင်းကို နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း(၈၀၆)၊ KNLA တပ်မဟာ(၂) အထူးတပ်ရင်း KNDO တပ်ခွဲ(၄) တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ခလရ(၂၉) ဒုတပ်ရင်းမှူး သိန်းသန်းနဲ့ (၁၅) ယောက် သေဆုံးခဲ့ပြီး လက်နက်ငယ်အချို့နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁ ရက် မနက်ပိုင်းမှာ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တောင်မြင့်ရွာမ ကျေးရွာဆီ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း(၉၀၁)၊ တပ်ရင်း(၈၀၄)၊ တပ်ရင်း(၈၀၇)၊ တပ်ရင်း (၈၀၈) RTCစစ်ကြောင်း၊ သံတောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့၊ KNDO တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၃ ရက် ညနေပိုင်းမှာ နေပြည်တော်ကနေ စေလွှတ်တဲ့ စစ်ကောင်စီရဲ့ တပ်မ(၈၈) လက်အောက်ခံတပ် အင်အား(၃၀၀)ခန့်က အင်အား(၁၀၀)ပါ စစ်ကြောင်း (၃)ကြောင်းဖြန့်ကာ ရေနီမြို့နယ်၊ မိအိကလေး ကျေးရွာအနီး ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းကို နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း(၉၀၁)၊ တပ်ရင်း(၈၀၄)၊ တပ်ရင်း(၈၀၇)၊ တပ်ရင်း (၈၀၈) RTCစစ်ကြောင်း၊ သံတောင်မြောက်ပိုင်း အထူးဒေသတပ်ဖွဲ့၊ KNDO တပ်တို့ ပူးပေါင်း ခုခံခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၂၄ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ဘောဓိကုန်း ကျေးရွာ အနီး စစ်ကောင်စီတပ်က အင်အား (၃၀၀)ခန့်ဟာ အင်အား(၁၀၀)ပါ စစ်ကြောင်း (၃)ကြောင်းဖြန့်ကာ ရှေ့တိုးလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြေပြင်တပ်အပါအဝင် ဂျက်ဖိုက်တာ (၁)စီး၊ MI-35 (၁)စီး အသုံးပြုကာ ဗုံးကြဲခြင်း၊ ပွိုင့်(၈) မော်တာသေနတ်တွေနဲ့ ပစ်ကူခြင်းတွေ လုပ်ဆောင်ခဲ့ပြီး ဂျက်ဖိုက်တာ ဗုံးကြဲချိန်မှာ တောင်ယာမီးခိုးတွေ ထူပြောနေချိန်ဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေအပေါ် လွဲမှား ဗုံးကြဲချမှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၅ ရက် မနက်ပိုင်းမှာလည်း ရေနီမြို့နယ်၊ ကြို့ချောင်းကျေးရွာအနီး အင်အားထပ်ဖြည့်လာတဲ့ စစ်ကောင်စီရဲ့ အင်အား (၆၀၀)ခန့် ချဉ်းကပ်လာတာကြောင့် အသင့်ရောက်ရှိနေတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

မတ်လ ၃၀ ရက် ညနေပိုင်းမှာလည်း သံတောင်မြောက်ပိုင်း မြောက်နန်းချိုကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား (၈၀၀)ခန့်ကို မြေပြင်သတင်းရရှိတာကြောင့် အသင့်စောင့်ဆိုင်းနေတဲ့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၂ ရက် နေ့လယ်ပိုင်းမှာလည်း သံတောင်မြောက်ပိုင်း ရွာတန်းရှည်ကျေးရွာကနေ မြောက်နန်းချိုကျေးရွာကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်တွေ အထိ နာပြီး နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်က စေလွှတ်လို့ စစ်ကြောင်းထိုးလာတဲ့ တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီ တပ်နဲ့ မိမိတို့ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း(၉၀၁)၊ တပ်ရင်း(၈၀၄)၊ တပ်ရင်း(၈၀၇) ၊ တပ်ရင်း (၈၀၈) RTCစစ်ကြောင်း၊ သံတောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့၊ KNDO တပ်တို့ မတ်လ ၁ ရက်ကနေ စတင် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ (၃၃)ရက်တာအတွင်း ပြင်းထန်တိုက်ပွဲ(၆)ကြိမ်၊ ကာကင်းအတွင်း အသေးစား ထိတွေ့မှုတိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း နယ်မြေရှင်းလင်းမှုတွေ တွေ့ရှိချက်အရ စစ်ကောင်စီတပ်သား (၆၂) ယောင် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှု (၁၀၀) ကျော်ရှိပြီး လက်နက်အချို့နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီတပ်သား (၃) ယောက်က လက်နက်(၂)လက်၊ ခဲယမ်း အချို့နဲ့ အလင်းဝင် လာခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကလည်း တပ်ရင်း(၈၀၄) က ရဲဘော်ကျားလေး ပေါင်နှစ်ချောင်းကျည် ဖောက်ဝင် ဒဏ်ရာ၊ KNDO ရဲဘော်(၁)ဦး လက်မောင်းရိုးကျိုး ဒဏ်ရာ၊ KNDO ရဲဘော်(၁)ဦး ၆၀မမ အစ ထိဖောက်ဝင်ဒဏ်ရာ၊ KNDO ရဲဘော်(၁)ဦး ၄၀မမ(၇၉)ကျည်ထိ နှုတ်ခမ်းပြတ်ရှ ဒဏ်ရာ၊ တပ်ရင်း(၈၀၇) က ရဲဘော် အားသယ် ခြေကျင်းဝတ် ကျည်ထိမှန် အရိုးကျေဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားပေမယ့် မြေပြင်မှာတော့ စစ်ကြောင်းတွေ အင်အား ဖြည့်တင်းခြင်း၊ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်ခြင်း၊ လက်နက်ကြီးတွေ ပစ်ခတ်ခြင်း၊ ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲခြင်းတို့ကို နေ့စဉ်နဲ့အမျှ အမြဲမပြတ် လုပ်ဆောင်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သံတွဲမြို့နှင့် ဂွမြို့တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း ၂၀၀၀ ကျော် AA ရှင်းလင်းခဲ့

ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ဂွမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို အာရက္ခတပ်တော် (AA) က ရှင်းလင်းခဲ့ရာ လက်ရှိအချိန်အထိ မြေမြှုပ်မိုင်း ၂၀၀၀ ကျော်အထိ ရှင်းလင်းခဲ့တယ်လို့ အာရက္ခမင်းသမီးမီဒီယာက သတင်းဖော်ပြထားပါတယ်။
Read More

ထားဝယ်အခြေစိုက် ခမရ ၄၀၁ မှ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ဖြင့် အလင်း၀င်လာ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ) ၄၀၁ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်း၀င်ရောက်လာ တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ်က လင်းကတောနယ်မြေရဲစခန်းကို ဒရုန်းနဲ့ မီးလောင်ဗုံးအပါအဝင် ဗုံးသီးတွေ ကြဲချတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းကို ဒရုန်းနဲ့ မီးလောင်ဗုံးအပါအဝင် ဗုံးသီးတွေ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Eagle Brigade (Anyar Eagles) တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန်တိုးမြှင့် ဆောင်ရွက်သွားမည်ဟု CNF ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦး (CNF) အနေနဲ့  ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မတ်လ ၂၀ ရက်မှာ ကျရောက်မယ့် ၃၇ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Read More

ငလျင်ကြောင့် နေပြည်တော်တွင် စစ်ရုံးချုပ်အပါအဝင် ထိခိုက်ပျက်စီးမှုများပြား။ ဌာနဆိုင်ရာရုံးတချို့ကို ရန်ကုန်မှာ ပြောင်းလဲဖွင့်လှစ်မည်ဟု ဆို

မတ်လ ၂၈ ရက်နေ့မှာ ပြင်းထန်စွာလှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က စစ်ဘက်နဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေ အကြီးအကျယ် ပြိုကျပျက်စီးခဲ့တယ်လို့ သိရပြီး၊ အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်ရှိ ဌာနဆိုင်ရာရုံးတချို့ကို ရန်ကုန်မြို့မှာ ပြောင်းရွေ့ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ နေပြည်တော်နဲ့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သတင်းရရှိပါတယ်။
Read More

ပေါက်ခေါင်းတွင် လက်နက်ကြီးတပ်ဆင် အထိုင်ချတပ်စွဲနေသည့် စစ်တပ် ဝင်ရောက်တိုက်ခိုက်ခံရပြီး ၄ ဦး သေ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းနဲ့ ပြည်အစပ် ပေါက်ခေါင်းမြို့နယ်ထဲက ချောင်းကောင်းကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်၊ အမှတ် (၂) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။