ကရင်နီပြည်နယ်ရှိ မိုးဗြဲမြို့ကို သာလွန်အင်အားနဲ့ ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၈၀၅ က မဟာမိတ်တပ်တွေနဲ့အတူ ခုခံကာကွယ်နေတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် နှစ်စပိုင်းကစလို့ မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် လက်နက်​ကြီးပစ်ကူ၊ ဒရုန်းနဲ့ လေကြောင်းပစ်ကူ အလွန်အကျွံသုံးကာ ထိုးစစ်ဆင်နေပြီး တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုနဲ့ နေ့စဥ်ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ရာမှာ စစ်ကောင်စီက အထိအခိုက်အကျအဆုံး များပြားနေပြီး တော်လှန်ရေးတပ်ပေါင်းစုဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း နေပြည်တော် PDF တပ်ရင်း(၈၀၅) ထနောင်းစစ်ကြောင်း ဒု-တပ်ခွဲမှူး(၁) ယောက် ကျဆုံးခဲ့ပြီး ရဲဘော်(၆) ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ပေးဆပ်သွားတဲ့ ဒုတပ်ခွဲမှူး ရဲဘော်ငတေနဲ့တကွ မဟာမိတ်တပ်တွေက ရဲဘော်တွေကို အလေးနီပြုသလို မိုးဗြဲမြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ဆက်လက်ထိန်းချုပ်ထားဆဲပဲလို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဧရိယာမဟုတ်တဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ နေပြည်တော် PDF တပ်ရင်း ၈၀၅ က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်း၊ အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်မယ့် ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်းခြင်းနဲ့ စစ်ကြောင်းအပ်နှံပွဲကို အောက်တိုဘာ ၅ ရက် မနေ့က KNU တပ်မဟာ (၁) နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရမည်းသင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ရှေ့ပြေးကင်းထွက်တဲ့ စစ်ကောင်စီတပ်သား​တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံး…

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ ရှေ့ပြေးထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့ သတင်းတာဝန်ခံ ရဲဘော် ကြက်ဖ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရှမ်းမြောက်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သား ၁၀၀ ကျော် ထိခိုက်သေဆုံး

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသက နယ်မြေတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု စုစုပေါင်း ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း  MNDAA က ထုတ်ပြန်ပါတယ်။
Read More

စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေသည့် ကန်နီပျူစောထီး ကျေးရွာကို တော်လှန်ရေးတပ်များ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေတဲ့ ကန်နီပျူစောထီးရွာကို လက်နက်ကြီးတွေနဲ့ ၂ရက်ဆက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဗစ်တာက မောင်းကိုပြောပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ခုခံတိုက်ခိုက်ရင်း ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရှမ်းတောင်/ ကယား (ကရင်နီ) စစ်တိုင်းဌာန၊ ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

PDF နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး နိုင်ငံအနှံ့ ထောင်သောင်းချီ အင်အားဖြင့် အထွေထွေ ထိုးစစ်ကြီး စတင်ဖို့ အချိန်တန်ပြီဟု NUG ကာကွယ်ရေးဝန်ကြီး ပြောကြား

PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တစ်နိုင်ငံလုံးမှာ နေရာစုံစစ်မျက်နှာဖွင့်ကာ အထွေထွေ ထိုးစစ်ဆင်နွှဲဖို့ အချိန်တန်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။