မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်အထိ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဧပြီလ ၁၁ ရက် မနေ့က ညပိုင်းမှာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီရွာကို အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၁၅ တပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ခြေမြန်တပ်ရင်းထဲကနေ လက်နက်ကြီး ၄ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးကာ အသက် ၈၂ နှစ်အရွယ် အဖိုးအို ၁ ယောက်သေဆုံးခဲ့ကြောင်း နွားထိုးကြီးဂျာနယ်အဖွဲ့က ထုတ်ပြန်ပါတယ်။

“အသက် ၈၂ နှစ်အရွယ် အဖိုးအိုနေအိမ်ပေါ်ကိုဒဲ့ကျရောက်ပြီးပေါက်ကွဲလို့ အဖိုးအိုနေအိမ်အတွင်းမှာပဲကံဆိုးစွာသေဆုံးခဲ့ရတယ်လို့ ” နွားထိုးကြီးဂျာနယ်အဖွဲ့က ဖော်ပြထားပါတယ်။

နွားထိုးကြီးမြို့အနောက်ဘက်မှာ ရှိတဲ့ လက်ဝဲ+မြင်းနီရွာဟာ ကားလမ်းတစ်ဖက်ခြား လက်ဝဲရွာနဲ့ မြင်းနီရွာတို့ကို ပေါင်းစပ်ခေါ်ဆိုတာဖြစ်ပြီး မကြာခဏဆိုသလို စစ်အုပ်စုတွေရဲ့ စစ်ကြောင်းဝင်မီးရှို့မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရွာရဲ့ ၃ ပုံ တစ်ပုံလောက်သာ ကျန်ရှိတော့ပြီး အရပ်သားအများစုလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ညပိုင်းမှာပဲ စစ်ကောင်စီက မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ကြက်ရိုးပင်ရွာကို တိုက်ပွဲမရှိပဲအကြောင်းမဲ့လေကြောင်းတိုက်ခိုက်သွားခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် အရပ်သား၄ယောက်ထိခိုက်ဒဏ်ရာရကာ Golden Hill KTV အဆောက်အဦးထိခိုက်ပျက်စီးတာနဲ့ နွားတစ်ကောင် သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာလည်း သပိတ်ကျင်းမြို့နယ်အတွင်းကို စစ်ကောင်စီက တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်လုပ်ဆောင်သွားခဲ့ရာ ထိခိုက်ပျက်စီးမှုကို မသိရသေးဘူးလို့ The Voice Of Madayar အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ငလျင်ဒဏ်အကြောင်းပြပြီး အပစ်ခတ်ရပ်စဲကြောင်း ပြောထားပေမယ့်လည်း နိုင်ငံနဲ့တစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေရာ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

ဧပြီလ တစ်ဝိုက်မတိုင်ခင်မှာပဲ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် နိုင်ငံနဲ့တစ်ဝှမ်းက အမျိုးသားအမျိုးသမီး ၁၅ ယောက်အထိ သေဆုံးထားကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပြီး သေဆုံးထိခိုက်မှု ရှိခဲ့တဲ့ ၄၇ ယောက်ကို အတည်ပြုဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်ကောက်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့တဲ့ အသက် ၈၂ နှစ်ရွယ်အဘိုးအိုနဲ့ မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ်များ
0 Shares:
You May Also Like
Read More

မြောက်ဦးမှာ တရားမဝင် ပြင်ပအရက်၊ ဘီယာ ရောင်းချတာတွေကို ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) ဝင်ရောက်ဖမ်းဆီး 

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်၊ ဘီယာတွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) က ဝင်ရောက်ဖမ်းဆီးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ Arakan Princess Media က ဖော်ပြထားပါတယ်။
Read More

ပညာရေးကဏ္ဍ အလေးထားမြှင့်တင်မယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ အစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ခန့်အပ်ရန် မေ့ကျန်ခဲ့

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတ (တာဝန်) ရာထူး ရယူပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ကျန်နေခဲ့တာကြောင့် ဖြည့်စွက်ဖွဲ့စည်းခဲ့တယ်လို့ ထပ်မံထုတ်ပြန်ထားပါတယ်။
Read More

ပင်လောင်းမှာ စစ်ကောင်စီတပ်နှင့် PNO/PNA ပြည်သူ့စစ်က ရပ်ရွာနေအိမ်များ ပျက်စီးအောင် ရည်ရွယ်ပြီး တောမီးရှို့နေ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်လောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO/PNA ပြည်သူ့စစ်က ရပ်ရွာနေအိမ်များ ပျက်စီးအောင် ရည်ရွယ်ပြီး တောမီးရှို့နေတယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်နယ်တွင် ပအဖ ရုံးအဖွဲ့မှူးနှင့် အမျိုးသမီး ၁ဦး လုပ်ကြံပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်နယ်မှာ ပအဖရုံးအဖွဲ့မှူးနဲ့ အမျိုးသမီး၁ယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။
Read More

စစ်ကော်မရှင် တပ်သား ၁၀၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး အဆင့်ရှိသူများ အပါအဝင် စစ်သုံ့ပန်း ၆၀ ကျော်ဖမ်းဆီး နိုင်ခဲ့ကြောင်း PRA -Magway ပြော၊ လေ့ကျင့်ရေးပိုင်းနှင့် အင်အားစုဆောင်းရေးကို ယခု နှစ်(၂၀၂၆) အတွင်း ပိုမိုလုပ်ဆောင် သွားမည်ဟု ဆို

ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်းအနောက်ခြမ်း၊ တောင်ပေါ်ဒေသ တွေမှာ ပြီးခဲ့တဲ့ (၂၀၂၅)တစ်နှစ်တာ အတွင်း အရှိန်အဟုန်မြင့် စစ်​ဆင်ရေးတွေ ဖော်ဆောင်နိုင်ခဲ့ကြောင်းနဲ့ အခြားတော်လှန်ရေး လုပ်ငန်းစဥ်တွေ တွဲဖက်လုပ်ကိုင် နိုင်ခဲ့တယ်လို့ လည်း PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန်က မောင်းကို ပြောပါတယ်။
Read More

ပြည်သူနေအိမ်များအတွင်း ဝင်ရောက်တပ်စွဲထားသည့် ရွာကြီးအင်းရွာ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ၊ စစ်အုပ်စုများ ထွက်ပြေးသွားသည့်အတွက် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များကို တော်လှန်ရေးတပ်များ ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၃ယောက် သေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Flacon Guerrilla Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။