အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ငလျင်ဘေးသင့်ဒေသတွေမှာ ထိုးစစ်ဆင်မှု​အားလုံးကို ရက်သတ္တပတ် နှစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ပြီး နောက်ထပ်တစ်ပတ် ထပ်မံသက်တမ်းတိုးမယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ကိုင်းငလျင်ကြီး(Major Earthquake)တုန့်ပြန်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“မနက်ဖြန် ဧပြီ ၁၃ ရက်နေ့ကနေ နောက်ထပ် တပတ်ကို ထိုးစစ်ရပ်စဲဖို့ ကာလ တိုးချဲ့သွားဖို့ ဒီညမှာပဲ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်သွားဖို့ ရှိပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တာပါ။

မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်ကြီး လှုပ်ခတ်အပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ငလျင်ဒဏ်သင့်ဒေသတွေနဲ့ ဆက်စပ်တဲ့ခရိုင်တွေအတွင်း ခုခံကာကွယ်စစ်မှလွဲပြီး ထိုးစစ်အားလုံး ရက်သတ္တပတ် နှစ်ပတ်ကြာ (မတ်လ ၃၀ရက်မှ ဧပြီ ၁၂ရက်အထိ) ရပ်ဆိုင်းထားဖို့နဲ့ ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို လိုအပ်တဲ့အကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှု ပေးဖို့ ညွှန်ကြားထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အင်အားပြင်းငလျင်ကြောင့် လက်ရှိကာလ ပူဆွေးနေရမှုတွေအတွက်လည်း ပြည်သူမှ ပြည်သူသို့ အချင်းချင်းအားပေးနှစ်သိမ့်ဖို့ ဧပြီ ၁၃ ရက်ကနေ ၂၀ ရက်အထိ ရက်သတ္တပတ် တစ်ပတ်ကြာ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနဲ့ နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီကလည်း ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အထိ အပစ်ခတ်ရပ်စဲရေးကို ထုတ်ပြန်ကြေညာထားပေမယ့် ငလျင်လှုပ်ခတ်အပြီးမှာတော့ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ မရပ်ဆိုင်းဘဲ နေ့စဥ်ရက်ဆက် ကျူးလွန်နေတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ညီနောင်မဟာမိတ် ၃ ဖွဲ့ ငလျင်ကယ်ဆယ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးကာလ ၁ လ ဒုတိယအကြိမ် ထပ်မံသက်တမ်းတိုး

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA ၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်းတပ်မတော် TNLA တို့ဟာ အပစ်အခတ်ရပ်စဲရေးကာလကို ၁ လ ထပ်မံ သက်တမ်းတိုးကြောင်း မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ရှောင်ပြည်သူတွေနဲ့ CDM တွေအတွက် ပေးဝေ

တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း လွတ်မြောက်နေရာဒေသတွေမှာ ဥယျာဉ်ခြံစိုက်ပျိုးကာ ထွက်ရှိလာတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ဏာရှင်လက်အောက်ကနေ စွန့်ခွါလာတဲ့ CDM တွေနဲ့ စစ်ရှောင်ပြည်သူတချို့အတွက်ပေးဝေခဲ့တယ်လို့ Dictatorship Revolution and People’s Defence Network (DRPDN) တာဝန်ရှိသူတွေထံက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်မှ ကျောက်မဲမြို့နယ်သို့် ရောက်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများအတွက် SSPP/SSA မှ စားနပ် ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ နယ်ကနေ ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု တောင်ခြေကျေးရွာကို ရောက်ရှိ လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှု အကူအညီတွေ ပေးဖို့လည်း လုပ်ဆောင်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲမြို့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့က စစ်ကောင်စီရဲ့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စဉ့်ကူးတွင် စစ်ကောင်စီ တစ်ရက်အတွင်း ၅ ကြိမ် လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေဆုံးပြီး နေအိမ် ၉ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် လုပ်ဆောင်ခဲ့ရာ အရပ်သား ၁ယောက် သေဆုံးပြီး နေအိမ် ၉ လုံး မီးလောင်ပြာကျခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မံစီတိုက်ပွဲမှာ KIA က စစ်ကောင်စီ တပ်ရင်းမှူးကို အရှင်ဖမ်းမိထား၊ တိုက်ပွဲအတွင်း စစ်ကောင်စီ ဗျူဟာမှူး သေဆုံး

ကချင်ပြည်နယ်၊ မံစီမြို့က စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်စဉ် ခမရ (၃၁၉) တပ်ရင်းမှူးကို အရှင်ဖမ်းမိထားပြီး ဗျူဟာမှူးကတော့ သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။