ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင် နေအိမ် (၅)လုံးနဲ့ ဘုန်းကြီးကျောင်း(၁) ကျောင်းထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား (၁) ယောက်ကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရွှေကျင်မြို့နယ်အတွင်း ဧပြီလ (၁၀)ရက် ညနေပိုင်းမှာ သိမ်ဇရပ် အခြေစိုက် ခမရ-၂၀၇ က အကြမ်းဖက်စစ်ကောင်စီတပ်က သံမှန်ဇရပ်ရှိ ရော်ဘာခြစ်လုပ်ငန်း လုပ်ကိုင်နေတဲ့ အသက် (၃၀) အရွယ် အမျိုးသား ၁ ယောက်ကို သိမ်ဇရပ်မြို့ပေါ် ဈေးဝယ် ထွက်ချိန် အတင်းအဓမ္မ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလ (၉)ရက် ညပိုင်းမှာလည်း ခလရ-၂၆၄ က အကြမ်းဖက် စစ်ကောင်စီတပ်ဟာ (၁၂၀) မမ (၄) လုံး ပစ်ခတ်ခဲ့ရာ ထောလူခိုကျေးရွာ၊ ကောက်မယ်သူကျေးရွာနဲ့ ပန်းတင်ကုန်း ကျေးရွာတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထောလူခိုကျေးရွာက နေအိမ် (၁)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကျောက်ကြီးမြို့နယ်အတွင်းမှာလည်း ဧပြီလ (၁၁)ရက်က အကြမ်းဖက် စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကွင်းဆိပ်ကျေးရွာအနီးရှိ လေးလမ်းဆုံ အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် (၂)လုံး ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ (၉) ရက် ညပိုင်းမှာလည်း ကြိတ်ကွင်းကျေးရွာတွင်း စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးသီးပစ်ချခဲ့တာကြောင့် နေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ (၈)ရက် ညပိုင်းမှာလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ-၂၆၄ တပ်ရင်းက (၁၂၀) မမ (၂)လုံး ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး တောင်ခင်ကျေးရွာဘုန်းကြီးကျောင်း ထိခိုက် ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ပုံစာ − အကြမ်းဖက်စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးမှုများ..
0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ်တွင် စစ်အုပ်စု ဗုံး ၁၀ လုံး ကြဲချတိုက်ခိုက်၊ အရပ်သား ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ​ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး ၊ ဒူးသထူခရိုင်က ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် တိုးလာတာကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ

ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်လာတာကြောင့် စစ်တောင်းမြစ်ဘေးတလျှောက်ရှိ မြို့နယ်၊ ကျေးရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မောင်တောတွင် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်၊ အပြစ်မဲ့ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်ပြီး ပစ္စည်းများ ယူဆောင်သွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှာ အကြမ်းဖက် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ပြီး အပြစ်မဲ့အမျိုးသမီး ၂ ယောက်ကို သတ်ဖြတ်ကာ ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ABSDF မှ ရဲဘော်များ လွတ်မြောက်နယ်မြေတစ်နေရာမှ စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ဂုတ်ထိပ်တံတား အပါအဝင် သိမ်းပိုက်နယ်မြေများအား TNLA တပ်မှူးနှင့် PDF ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခရိုင်မှူးတို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ နာမည်ကျော် ဂုတ်ထိပ်တံတားအပါအဝင် သိမ်းပိုက်နယ်မြေများကို တအာင်းတပ်မတော် PSLF/TNLA တပ်မှုး ဒုတိယဗိုလ်မှူးကြီး တားခြိူဝ်မျိုးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ခရိုင်မှူး ကိုကောင်းတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ PDF ကျောက်မဲခရိုင်တပ်ရင်းက ယမန့်နေ့ ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။