တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ပြည်သူတွေကိို စာနာကြောင်းပြသတဲ့အနေနဲ့ သင်္ကြန်ကာလ မူးယစ်သောက်စားတာတွေနဲ့ အသံချဲ့စက်ဖွင့် ကခုန်ပျော်ပါးတာ၊ ခိုက်ရန်ဖြစ်ပွားတာတွေမလုပ်ဆောင်ကြဖို့ ကော့သောင်းပကဖ က သတိပေးထုတ်ပြန်ထားပါတယ်။

ကော့သောင်းမြို့နယ်တွင်းက လူငယ်လူရွယ်တွေအနေနဲ့သင်္ကြန်ရက်ထဲ သောက်စားမူးယစ်ပြီး ခိုက်ရန်ဖြစ်ပွားတာ၊ အသံချဲ့စက်ဖွင့် ကခုန်ပျော်ပါးတာတွေ လုပ်​ဆောင်ပါက အပြစ်အနည်းအများပေါ် မူတည်ကာ ရက်တို အချုပ်ချတာမျိုးနဲ့ ထိပ်တုံးပြစ်ဒဏ်တွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကော့သောင်းမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အင်းဘီလူးက ပြောပါတယ်။

ပုံစာ – ကော့သောင်းမြို့နယ်၊ ၂မိုင်ရဲစခန်းရှေ့ ဆောက်လုပ်ထားတဲ့မဏ္ဍပ်တစ်ခု (ပုံဟောင်း)
” မြန်မာပြည်ကြီး ငလျင်ကပ်ဘေးကျရောက်လို့ ၀မ်းနည်းပူဆွေးနေရတဲ့အချိန်မှာ အပျော်တွေ မလုပ်စေချင်လို့ပါ။ ဒီလိုအချိန်မျိုးကို ကခုန်တာတွေသောက်စားပျော်ပါးတာတွေကို မလုပ်စေချင်ပါဘူး။ ပြစ်ဒဏ်တွေကတော့ အချုပ်မဟုတ်ရင်ထိပ်တုံးပါပဲ။ အပြစ်နည်းရင်တော့ သင်္ကြန်ပြီးလောက်အထိပဲ ထိန်းသိမ်းထားမှာပါ။” လို့ ကော့သောင်းမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အင်းဘီလူးက မောင်းသတင်းဌာနကို ပြောပါတယ်။

ကော့သောင်းမြို့နယ်ဟာ စစ်ကောင်စီထိန်းချုပ်ထားရာမြို့ဖြစ်သလို မြို့နေလူငယ်အများစုမှာလည်း နိုင်ငံရေးစိတ်ဝင်စားမှု့အားနည်းပြီး လက်ရှိမှာလည်း စစ်ကောင်စီက မဏ္ဍပ်​တွေဆောက်လုပ်နေတယ်လို့ သိရပါတယ်။

“အဓိကတော့ မြို့ပေါ်လူငယ်လူရွယ်တွေက ဘယ်သူသေသေ ဂရုမစိုက်ဘူးဆိုတဲ့လူတွေ အရမ်းများပါတယ်။ နိုင်ငံရေးက ကိုယ့်နဲ့မဆိုင်ဘူးဆိုတဲ့လူတွေက ကော့သောင်းမြို့မှာ တော်တော်ပေါတယ်။ ရွာတွေဘက်မှာတော့ ဒီလိုမရှိဘူး။ ကျွန်တော်တို့ကလည်း စိုးမိုးနယ်မြေမရသေးတော့ အချိန်အနေ အချိန်အခါ ကြည့်ပြီးတော့ လှုပ်ရှားရတာပါ။ တိုင်ကြားစာရောက်လာရင်တော့ ကျွန်တော်တို့က ပြစ်မှုကျူးလွန်သူကို ထိန်းသိမ်းထားမှာပါ။ အပြစ်အနည်းများအပေါ်မှာ မူတည်ပါတယ်။”လို့ ကော့သောင်းမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အင်းဘီလူးက ဆက်ပြောပါတယ်။

လက်ရှိမှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်​ကာလဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ကိုင်းမြို့ကိုဦးတည်လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် လူထိခိုက်သေဆုံးမှုတွေနဲ့ နေအိမ်ပျက်ဆီးဆုံးရှုံးမှုတွေ များပြားခဲ့တာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အပျော်အပါးတွေကို စည်းစနစ်တစ်ခုနဲ့ ကန့်သတ်ထားတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ၄လအတွင်း အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက် သေဆုံးခဲ့

MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် အထူးဒေသ (၁)မှာ ၄ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက်သေဆုံးပြီး ၁၂၄ ယောက် ဒဏ်ရာရခဲ့တယ်လို့  MNDAA က အသိပေးထုတ်ပြန်ပါတယ်။   
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီက တစ်ပတ်အတွင်း ဗုံးအလုံး ၁၀၀ ကျော် ကြဲချပြီး ပြည်သူ ၈ယောက် သေဆုံးစေခဲ့

စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးသီးအလုံးရေ (၁၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံတွင် နေအိမ်များကို ဒရုန်းဖြင့် စောင့်ကြည့်ပြီး ပစ္စည်းခိုးယူသည့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းမှာ နေအိမ်တွေကို ဒရုန်းနဲ့ စောင့်ကြည့်ပြီး ပစ္စည်းခိုးယူတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ထိုင်းနှင့်ပေါင်းပြီး နှိမ်နင်းမည်ဟု အဆိုပါ ကျားဖြန့်များရဲ့ မြေရှင် စောချစ်သူ ကတိပေး

ထိုင်း-မြန်မာနယ်စပ်က ငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းရာမှာ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီမဟာမိတ် ကရင်နယ်ခြားစောင့်ခေါင်းဆောင် စောချစ်သူက ကတိပေးလိုက်ပါတယ်။
Read More

တောင်ညိုလမ်းတွင် ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ ကားမှောက်၊ ၁၂ ဦး သေဆုံး

‎မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှ တပ်ကုန်းမြို့ကိုသွားတဲ့ တောင်ညိုလမ်းမှာ  ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ ကားမှောက်လို့ ၁၂ ဦးသေဆုံးသွားတယ်လို့ စစ်ကော်မရှင်ထိန်းချုပ် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းကနေ နတ်တလင်းမြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ဦး သေဆုံးသွားတယ်လို့ ၃၆၀၁ PPDFတပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။