တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုးကုတ်၊ ကျောက်မဲမြို့နယ်တို့မှာ အင်အားပြင်း ငလျင်ဒဏ်သင့် ပြည်သူတွေ အတွက် ကော်မတီဖွဲ့စည်းပြီး အလှူခံဌာနဖွင့်လှစ်ရာ ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် ကောက်ခံရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

နမ့်ဆန်မြို့နယ်က ကျပ်သိန်း (၉၀၀)ကျော်၊ မန်တုံမြို့နယ်က ကျပ်သိန်း (၂၀၀) ကျော်၊ နမ့်ခမ်းမြို့နယ်က ကျပ်သိန်း (၁၀၀၀)ကျော်၊ နမ္မတူမြို့နယ်က သိန်းပေါင်း (၄၀၀)ကျော်၊ ကွတ်ခိုင်မြို့နယ်က သိန်းပေါင်း (၄၀၀)ကျော် ၊ ကျောက်မဲမြို့နယ်က သိန်းပေါင်း(၂၀၀)ကျော်နဲ့ မိုးကုတ်မြို့နယ်က သိန်းပေါင်း (၁၀၀၀)တို့ အလှူငွေလက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပြည်သူလူထု ထိခိုက်နစ်နာဆုံးရှုံးမှုအပေါ် လူသားချင်း စာနာထောက်ထားမှုတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးနိုင်ဖို့အတွက် တအာင်းအရပ်ဖက်အဖွဲ့အစည်း -TCSOs နဲ့ မြို့နယ်အလိုက် တတ်ကြွလူငယ်တွေ ဝိုင်းဝန်းပြီး အလှူငွေကောက်ခံမှုပြုလုပ်ခဲ့ရာမှာ မြို့တွင်းရှိ ပြည်သူတွေနဲ့ ရပ်ရွာပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်တွင်း ပြည်ပအလှူရှင်တွေ ပါဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကောက်ခံရရှိထားတဲ့ အလှူငွေတွေကို ပထမအသုတ်မှာ အင်းလေး၊ စစ်ကိုင်း၊ မင်းကွန်း၊ ပုလိပ်တို့နေရာတွေကို ကူညီပေးသွားမှာဖြစ်ပြီး ဒုတိယအသုတ်အ​ဖြစ် ရှမ်းတောင်ပိုင်းရှိ ကလောမြို့၊ တောင်နီ၊ ပိန်နဲပငျရှာ၊ စေတီကုန်းစတဲ့ဒေသတွေရဲ့ ပျက်စီးဆုံးရှုံးအပေါ် မူတည်ပြီး အလှူငွေတွေ ပြန်လည် လှူဒါန်းပေးသွားမယ်လို့ TNLA က ဆိုပါတယ်။
ဒါ့အပြင် ငလျင်ဘေးသင့်ခံရပြီး အလှူရှင်တွေ အရောက်နည်းတဲ့ နေရာဒေသတွေကိုလည်း လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ (၂၈)ရက်မှာ လှုပ်ခတ်သွားတဲ့ ပြင်းအား ၇.၇ ရှိ ငလျင်ကြောင့် လူပေါင်း (၃၆၀၀) ကျော် သေဆုံးခဲ့ပြီး (၅၀၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်ပေါင်း (၄)သောင်းကျော်၊ ဘုန်းကြီးကျောင်းနဲ့သီလရှင်ကျောင်း (၃)ထောင်ကျော်၊ စာသင်ကျောင်း (၂)ထောင်ကျော်၊ ဌာနဆိုင်ရာရုံး (၂)ထောင်ကျော်၊ တံတား (၁၀၀)ကျော်နဲ့ ဘုရားစေတီ (၅)ထောင်ကျော် ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီက YBS ကားပေါ်အထိ တက်ပြီး လူငယ်တွေကို ဖမ်းဆီးမှုတွေ ရှိနေ

ရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက မြို့တွင်းပြေးဆွဲနေတဲ့ YBS ကားပေါ်အထိ တက်ပြီး လူငယ်တချို့ကို ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲနယ်အတွင်းက စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်တဲ့ ဒရုန်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လေကြောင်းစစ်ဆင်ရေးပြုလုပ်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်မှုနဲ့ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး နေ့ရောညပါ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတွေ ဆီက သိရပါတယ်။
Read More

မိုးဗြဲမြို့ကို စစ်ကောင်စီ ပြန်သိမ်းလိုက်ပြီဟု သတင်းများ ထွက်ပေါ်နေ 

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် အစပ်က မိုးဗြဲမြို့ကို စစ်ကာင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 
Read More

စစ်ရေးပြမယ့် စစ်သားတွေ ရန်ဖြစ်လို့ အကြမ်းဖက် နှိမ်နင်းရေးတပ်ခေါ်ပြီး ကျင်စက်တွေပါ သုံးခဲ့ရ၊ ရန်ပွဲကြောင့် ၁၈ ယောက်ခန့် ဒဏ်ရာရတဲ့အထဲ ၃ ယောက် အသက်အန္တရာယ်စိုးရိမ်ရ 

နေပြည်တော်မှာ ဒီနေ့ ကျင်းပပြုလုပ်မယ့် ဖက်ဆစ်တော်လှန်ရေးနေ့၊ စစ်ကောင်စီအခေါ် (တပ်မတော်နေ့) စစ်ရေးပြဖို့ စုဝေးရောက်ရှိနေတဲ့ စစ်သားတွေ အရက်မူးစကားများ ရန်ဖြစ်ကြရာကနေ စစ်သား ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

PDF ZOLAND ရဲ့ တန်းမြှင့်သင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲ …(ဓာတ်ပုံသတင်း)

Zomi Federal Union /PDF ZOLAND တန်းမြှင့်သင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ ကနဲလေး တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။