ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၁ ရက် မနေ့က ညပိုင်းမှာ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမပေါ်ရှိ အကြမ်းဖက်စစ်တပ် လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း ရန်သူထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အခြေအနေတွေကို စုံစမ်းနေဆဲဖြစ်တယ်လို့ Operation Flame က ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ Operation Flame အနေနဲ့ ရန်ကုန်မြို့ရှိ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ – ရန်ကုန်တိုင်း ပကဖ ရဲဘော်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ကော့ကရိတ်တိုက်ပွဲများကြောင့် ကားလမ်းများ ပိတ်ထားကာ ကုန်ဈေးနှုန်းများ ထပ်တက်လာမှာကို ပြည်သူများ စိုးရိမ်နေကြ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးရွာတွေဘက်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် လမ်းပိုင်းတချို့ကို ပိတ်ထားပြီး ကုန်တင်ကားတွေလည်း သွားလာရခက်ခဲနေကြပါတယ်။
Read More

ဧရာဝတီတိုင်းတွင် တစ်လခွဲအတွင်း စစ်ကောင်စီတိုက်ခိုက်မှုများကြောင့် ပြည်သူ ၉ ဦး သေဆုံးခဲ့

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် မေလ ၁၅ ရက်ကနေ ဇွန်လ ၃၀ ရက်အတွင်း ပြည်သူ ၉ ယောက် သေဆုံးခဲ့တယ်လို့ People's Liberation Force - ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုမှ အလင်းဝင်လာသူ ၁၅ ဦး ရှိ၊ ၄၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာကာ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၁၅ ယောက် ရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ အယောက် ၄၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမြို့နယ်တွင် ကျူရှင်မသင်ရန် အမိန့်ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်​​ဂေါမြို့နယ်မှာ ကျူရှင်သင်မှု ပိတ်ပင်တားမြစ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူ့အခြေပြုပညာရေးစနစ်သင်ကြားမှုကို ကမောက်ကမ မဖြစ်စေဖို့နဲ့ ကျောင်းသားတွေကြားခွဲခြားဆက်ဆံမှုတွေမရှိအောင် ရည်ရွယ်တယ်လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ၁ ဦးငြိမ်းသူရက ​မောင်းကို ပြောပါတယ်။
Read More

ပေါက်မြောက်ပိုင်းကို ဝင်ရောက်သည့် အကြမ်းဖက်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုဘက် ၁၂ ဦး သေကာ အများအပြားထိခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ ၄ ရက်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၁၂ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရတဲ့အထိ ချေမှုန်းနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

အမှတ် ၁ စစ်ဒေသမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေဆီကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက်က လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။