ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို ဧပြီ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

ဗုံးကြဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့် ဘုန်းကြီးကျောင်းကတော့ လုံးဝပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲသွားတဲ့နေရာဟာ တို့သေဖူးကျေးရွာအနီး သူတို့ခွင့်ပြုထားတဲ့ ရွှေတူးဖော် လုပ်ကွက်တွေနဲ့ ‌ရှေ့တန်းစစ်စခန်း ခလရ ၁၉ တည်ရှိနေပြီး အဲဒီ စစ်စခန်းကို KNLA ဦး‌ဆောင်တဲ့ တော်လှန်ရေးတပ်တွေက ပိတ်ဆို့ဖြတ်တောက်ထားတဲ့အတွက် နှစ်ဘက်စစ်ရေးတင်းမာလျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူတွေအပေါ် အနိုင်ကျင့်ရမ်းကားနေတဲ့ ရှမ်းတပ်ရဲတပ်စခန်းအား ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း အထက်မင်းလှမြို့နယ်ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ ပူးပေါင်းစခန်းချထားတဲ့ ရှမ်းတပ် ရဲစခန်းအား ဇန်နဝါရီ ၂၉ ရက်က ညနေ ၅ နာရီဝန်းကျင်ခန့်က ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ United States Of Burma Army - USBA ထံက သိရပါတယ်။
Read More

ဘန်ကောက်မှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲဆန္ဒပြ (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  BIMSTEC အစည်းဝေး ကျင်းပမယ့် ရှန်ဂီလာဟိုတယ်အနီးမှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲပြီး  ဆန္ဒပြထားကြောင်း သိရပါတယ်။
Read More

ဖာပွန်စစ်ကြောင်းပြန် Fire Dragon PDF ရဲဘော်များကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ပဲခူးခရိုင် အမှတ် (၃) တပ်ရင်း ၃၇၀၃ တပ်ခွဲ (၂) တပ်ခွဲ (၃) ဖာပွန်စစ်ကြောင်းကနေ ညဘက်စစ်ကြောင်းပြန် Fire Dragon PDF ရဲဘော်တွေကို ပြည်သူတွေက ပန်းတွေနဲ့ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောနှင့် တွဲယာဉ်များအား ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ တွဲယာဉ်တွေကို ရှေ့ထွက်မိုင်း‌တွေ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကိုရီးယားနိုင်ငံတွင် ၈ လေးလုံး ကမ္ဘာလုံးဆိုင်ရာ ထီးသပိတ်ပြုလုပ် (ရုပ်/သံ)

(၃၇) နှစ်မြောက် ၈ လေးလုံး အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာထီးသပိတ်လှုပ်ရှားမှုကို ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်တလင်းမြို့နယ်အတွင်း ရဲစခန်း ၂ ခုကို ‌တော်လှန်ရေးတပ်များ တစ်ရက်တည်း ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းရှိ ဒမငယ်ရဲစခန်းနဲ့ တောင်ညိုကွက်သစ်ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။