ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကနေ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခြင်းခံခဲ့ရတဲ့ တပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း (P2-3702) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း- နတ်သံကွင်းလမ်းပေါ်ရှိ စစ်ကောင်စီစခန်းက စစ်ကောင်စီ တပ်သားသစ် ၁ ယောက်ဟာ MA 1 တစ်လက်၊ ကျည်ဘောက် ၃ ခု၊ 5.56 ကျည် ၁၀၅ တောင့်တို့ကို ယူဆောင်ကာ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းဆီ ဧပြီလ (၉) ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားသစ်ကို ဘေးကင်းတဲ့နေရာ ပို့ဆောင်ကာ ကျပ်ငွေ ၁၀ သိန်း ကနဦး ချီးမြှင့်ခဲ့ပြီး ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ကာ လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က အလိုမတူဘဲ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသူတွေအနေနဲ့ တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေကို အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ဖို့လည်း ပဲခူးခရိုင် အမှတ် (၂) တပ်ရင်းက တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး…

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းရှိ ပဲခူးရိုးမမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ပွားရာ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ မှာ မြန်မာပြည်သူ (၁၅) သန်းလောက် ငတ်မွတ်ခေါင်းပါးမှု ရင်ဆိုင်ရနိုင်

မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူ ၁၅ သန်းခန့်ဟာ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ်  ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အရေးယူနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG ထုတ်ပြန်

မန္တလေးတိုင်း၊ သပိတ်ကျင်း၊ လိပ်ကျရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုနဲ့အတူ နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့ အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁) ဦးအပါ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၁) ယောက် အပါအဝင် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွေဦးတော်လှန်ရေးလှိုင်းလုံးဟာ နိုင်ငံရဲ့ တော်လှန်ရေးသမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး တော်လှန်ရေးလှိုင်းလုံးကြီးဖြစ်တယ်လို့ NUG ယာယီသမ္မတ ပြော

လက်ရှိနွေဦးတော်လှန်ရေးလှိုင်းလုံးဟာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေး သမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး တော်လှန်ရေး လှိုင်းလုံးကြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

တောင်သာတွင် စစ်သား ၂ယောက်ကို PLA ရဲဘော်များ ရုတ်တရက်တွေ့ပြီး ပစ်ခတ်၊ စစ်သား ၂ ယောက်လုံး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကော်မရှင်တပ်သား ၂ ယောက်ကို တိုက်ခိုက်ရာ ၂ ယောက်လုံး သေဆုံးသွားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မြင်းခြံခရိုင်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။