ပဲခူးတိုင်း ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့အတွက် ဧရာဝတီ အမှတ် (၃) တပ်ရင်း နဲ့ ပဲခူး PDF တို့ ပူးပေါင်းကာ ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလပ်ငန်းတွေ ဆောင်ရွက်ပေးလျက် ရှိတယ်လို့ သိရပါတယ်။

အဲဒီဒေသတွေမှာ ရေပြန်ကျတဲ့အထိ အစားအစာနဲ့ သောက်သုံးရေတွေ လိုအပ်လျက်ရှိတဲ့အတွက် ပါဝင်လှူဒါန်းပေးကြဖို့ ဧရာဝတီအမှတ် ၃ တပ်ရင်းက ဖိတ်ခေါ်ထားပါတယ်။

ဧရာဝတီအမှတ် ၃ တပ်ရင်း – P26002 (Facebook စာမျက်နှာ)

 

 

0 Shares:
You May Also Like
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ မိဘများအား ရဲဘော်ရဲဘက်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ တပ်စုမှူး ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့  နာရေးစျာပနကို ဇွန်လ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က  သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခလရ ၂၅၈ မှ ထွက်လာသည့် စစ်ကောင်စီတပ်သားများ စောင့်ကြိုတိုက်ခိုက်ခံရ၊ ၃ ဦးသေပြီး ၁၀ ဦးကျော် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းကနေ အင်အား ၁၅၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ထံက သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးခဲ့ရသည့် ရဲဘော်များအတွက် DMO Local PDF အောက်မေ့ခြင်း အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို DMO Local PDF ရဲဘော်၊ ရဲမေတွေကို နိုဝင်ဘာ ၂ ရက်က သင်္ချိုင်းပွဲ (ကွယ်လွန်သောသူအတွက် အောက်မေ့ဖွယ်ရာနေ့) မှာ ဖယောင်းတိုင်မီးထွန်းခြင်း၊ မိစ္ဆာတောင်းဆိုခြင်းနဲ့ အလေးပြုခြင်းတွေ ပြုလုပ်ခဲ့ကြတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်သားကို တိုက်ခိုက်နေတဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းရုပ်သံ Earthquake People’s Defence Force ထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းရုပ်သံဖိုင် Earthquake People’s Defence Force မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် လူခြေတိတ်သွားတဲ့ ကျောက်မဲမြို့ (ရုပ်/သံ)

''ခုတလော ‌ကျွန်တော်နေတဲ့ ကျောက်မြို့ ကြီးက နေ့လည် (၁၂:၀၀)နောက်ပိုင်းဆို ဈေးကြီးက ဆိုင်တွေသိမ်း ဈေးတွေ ပိတ်ပြီးမကြာဘူး လူသွား/လူလာကို မရှိတော့ဘူး။ ဘယ်လမ်းကိုသွားသွား ရှင်းနေတော့တာပဲ ဝေဟင်က 🛩လေယာဉ်သံကြားနေရရင်ကို ထိတ်လန့်နေကြရတာအမှန်ပဲ''လို့ လူမှုကွန်ရက်ရေးသားမျှဝေခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေး လွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ-၉၄ ကိုယ်ပိုင်အမှတ်- တ/၄၁၄၉၁ တပ်ကြပ်- ခင်မြင့်၏ ပြောကြားချက် (ရုပ်/သံ)

''တပ်ထဲရောက်မယ့် ရဲဘော်တွေကို ပြန်ပြီး မောင်းထုတ်ချင်ပါတယ်.. မဝင်ဖို့အတွက်ကို။ ကိုယ့်တူ ကိုယ်သားအရွယ်သာဆိုလိုရှိရင် တစ်ခါတည်းမောင်းထုတ်ပြီးတော့ သတ်ပစ်လိုက်ချင်တယ်။ ကိုယ့် ကိုယ်တိုင်လည်း ဒီမှာ ကြုံတွေ့နေရတဲ့အတွက်ကြောင့်မလို့ သူတို့လည်း ဒုက္ခမပေးချင်ဘူး။ ကိုယ်တောင်မှာ ဒုက္ခခံစားလို့ ဝဋ်ကြွေးမကုန်သေးသ၍ ဝဋ်ကြွေးမကုန်သေးလို့ ဝဋ်ခံနေရတာ"