စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကိုင်းငလျင်နဲ့ နွေဦးတော်လှန်ရေးအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ ရဲဘော်တွေအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၁ ရက် ဒီနေ့မှာ ဒေသတွင်းရှိ သံဃာတော်တွေကို ပင့်ဖိတ်ကာ မတ်လ ၂၈ ရက်က ဖြစ်ပွါးခဲ့တဲ့ စစ်ကိုင်းငလျင် ကပ်ဆိုးကြီးကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေ၊ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ ရဲဘော်တွေ ကောင်းရာဘုံဘဝ ရောက်စေဖို့ ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သံဃာတော်တွေက ပရိတ်တရားတော်တွေ ချီးမြှင့်ခြင်း၊ သီလတော်တွေ ဆောက်တည်ပေးခြင်း၊ တရားနာပရိတ်သတ်အပေါင်းက ဆွမ်း၊ သင်္ကန်း၊ ဝတ္ထုငွေတို့ ကပ်လှူပူဇော်ခဲ့ပြီး အားလုံးသာဓုအနုမောဒနာ ခေါ်ဆိုနိုင်အောင် ရေစက်ချ အမျှအတမ်းပေးဝေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဆုတောင်းပွဲကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က အဖွဲ့ခေါင်းဆောင်တွေ၊ တာဝန်ခံတွေနဲ့ အဖွဲ့ဝင်တွေ၊ တိုက်နယ်၊ ရပ်ကျေးတို့က ပအဖ၊ ပကဖ တွေ၊ ပုလဲမြို့နယ်အတွင်းက ပြည်သူတွေ စုပေါင်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗမာ့တပ်တော်ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အညာဒေသအခြေစိုက် ဗမာ့တပ်တော် - BAMAR ARMY အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဥ် ( ၂/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မြို့နယ်အတွင်း တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်က mobile clinic နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ပြည်သူတွေဆီ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic) ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

“ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” လူထုသပိတ်တိုက်ပွဲကျင်းပ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့၊ မြို့တော်ခန်းမရှေ့မှာ “ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး မြေပြင်လူထုသပိတ်တိုက်ပွဲကို Free Burma Action Committee-Northern California က လုပ်ဆောင်ခဲ့ပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ၂၀၂၅  ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း  Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆားလင်းကြီးမြို့မရဲစခန်းကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲတပ်သားကို Salingyi Revolution Eagles က ဂုဏ်ပြုဆုငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်မှာ တာဝန်ကျနေသည့် စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်မှာ တာဝန်ကျနေတဲ့ ခမရ(၅၁၈) တပ်ရင်းက စစ်မှုထမ်းဆင်း စစ်သား ၃ ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၆ တပ်ရင်း - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ထုတ်ပြန်ပါတယ်။