ချင်းပြည်နယ်ရဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ချင်းညီနောင်နဲ့အတူ ဒုတိယမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ပါဝင်ခဲ့တယ်လို့ BNRA က အသိပေးထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်မှာ စတင်ခဲ့တဲ့ ချင်းညီနောင်စစ်ဆင်ရေးရဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးအတွင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ BNRA လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့မှုမှာ BNRA က ပါဝင်ခဲ့တာဖြစ်ပါတယ်။

စစ်ရဲ့ သဘော၊ တော်လှန်ရေးရဲ့ သဘာဝအလျောက် အခက်အခဲတွေကြားကနေ ဖလမ်းမြို့၊ ခလရ ၂၆၈ တပ်ကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

BNRA အနေနဲ့ ၂၀၂၃ ဒီဇင်ဘာ ၂၂ က စတင်ခဲ့တဲ့ ချင်းပြည်တောင်ပိုင်း ကျင်ဒွေးမြို့စစ်ဆင်ရေးမှာလည်း ပါဝင်ခဲ့ပြီး အခု ဖလမ်းမြို့သိမ်းတိုက်ပွဲဟာ ချင်းညီနောင်နဲ့အတူ ဒုတိယမြောက် မြို့သိမ်းတိုက်ပွဲ ပါဝင်ဆင်နွှဲခဲ့တာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း BNRA က ရဲဘော် (၂) ယောက် ကျဆုံးခဲ့ရပြီး ခြေထောက် ၁ ဖက်ဆုံးရှုံး (၂) ယောက်၊ ခြေထောက် ၂ ဖက်ဆုံးရှုံး (၂) ယောက်၊ လက်ချောင်းဆုံးရှုံး (၁) ယောက်နဲ့ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ (၃) ယောက် ရှိခဲ့တယ်လို့ BNRA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

KNDF တပ်ရင်းအမှတ် (၂၂) မှ တပ်ရင်းရှိ ရဲဘော်အားလုံးအတွက် စစ်ယူနီဖောင်း တပ်ဆင်ပေးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၂၂) အနေနဲ့ တပ်တွင်းရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်တွေ အားလုံးအတွက် စစ်ယူနီဖောင်းတွေကို တပ်ဆင်ဝေမျှပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး ဆေးကြောင်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ခလရ ၅၀ တပ်က ဒုတပ်ကြပ်ဂျူလိုင်ထွန်းဆိုသူ မူးယစ်ဆေးကြောင်ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ ထံက သိရပါတယ်။
Read More

PDF ရဲဘော်ကို ဖမ်းသွားတဲ့ စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်ကို ဖမ်းဆီးသွားတဲ့ အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲကို တနင်္သာရီမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေ မြို့တွင်းမှာပိတ်မိနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ KIA နဲ့ စစ်ကောင်စီတို့ရဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်  ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေ ပိတ်မိနေတယ်လို့  ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

လောင်းလုံးတွင် မိုင်ခရိုဝေ့တောင်ပေါ် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်အပါ ၃ ဦး သေ၊ ၄ ဦး ဒဏ်ရာပြင်းထန်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ မိုင်ခရိုဝေ့တောင်ပေါ်ကို သွားရောက်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒုတပ်ကြပ်အဆင့်ရှိသူ အပါအဝင် အကြမ်းဖက်စစ်တပ်ဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ ( L.L.S.B.F) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။