စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးနေကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကို ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ သြဂုတ်လ ၁၆ ရက်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီ ၇ ရက် ညပိုင်းက သိမ်းပိုက်နိုင်ခဲ့ကာ ဂျပန်လှိုဏ်ဂူကုန်းမှာ အခိုင်အမာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ ပဲခူးမြို့ ဆန္ဒပြပွဲကို စစ်ပွဲသုံးလက်နက်တွေ အသုံးပြု နှိမ်နင်းခဲ့တဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကိုလည်း တော်လှန်ရေးတပ်တွေက ဖမ်းမိထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြေတူးယာဉ်ကို အကာအကွယ်များ တပ်ဆင်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးရဲဘော်များ (ရုပ်/သံ)

တော်လှန်ရေးရဲဘော်တွေဟာ ကွင်းပြင်တစ်ခုအတွင်း ရန်သူရဲ့ စခန်းတစ်ခုကို တိုက်ခိုက်ဖို့အတွက် မြေတူးယာဉ်ကို အကာအကွယ်ယူ တိုက်ပွဲဝင်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုကို Union Liberation Front - ULF V 02 က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ PDF ရဲဘော်များ လုံခြုံရေးစစ်ဆေးဆောင်ရွက် (ရုပ်/သံ)

ပဲခူးတိုင်း ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၂၃ တပ်ဖွဲ့ဝင်တွေက ဒီနေ့ မတ်လ ၂၇ ရက် မနက်ပိုင်းမှာ လုံခြုံရေးစစ်ဆေးဆောင်ရွက်နေတဲ့ ရုပ်သံဖိုင်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

ကန်ကလေးကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ကန်ကလေးကျေးရွာအနီး အခြေချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲထံက သိရပါတယ်။
Read More

ပျူစခန်းအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာလာပို့တဲ့ စစ်တပ်အမြန်ရေယာဉ် ၂ စီးကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အုန်းပင်ဆိပ်ကမ်းမကနေ အောက်ဘက်သို့ စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ် အမြန်ရေယာဉ် ၂ စီးကို ဒီဇင်ဘာ ၁၁ ရက်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Chindwindy-namite က ထုတ်ပြန်လိုက်ပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေမှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ် မြ၀တီမြို့နယ်၊လေးကေ့ကော်ဒေသက စစ်ကောင်စီရဲ့ အရေးပါတဲ့ စွယ်တော်ကုန်းကျပြီးတဲ့နောက် လက်ကျန် အောင်ဇေယျစစ်ကြောင်း နဲ့ ကရင်တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်နေတဲ့ ရုပ်သံကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ဖော်ပြလာပါတယ်။
Read More

ပြိုကျခဲ့တဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားဟု ဆို (ရုပ်/သံ)

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒို ပြိုကျပျက်စီးမှုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနက ယနေ့မတ်လ ၂၉ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။