အာဏာသိမ်းစစ်တပ်က ငလျင်ဘေးသင့် ပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရောက်ရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

သံအမတ်ကြီးက ကုလရဲ့ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင် (၅၈) ကြိမ်မြောက် အစည်းအဝေးအတွင်း အထွေထွေဆွေးနွေးမှု အစီအစဉ်မှာ ထည့်သွင်းပြောကြားလိုက်တာပါ။

အာဏာသိမ်း စစ်တပ်ဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး စီမံချက် မရှိတာကြောင့် ပြည်သူတချို့ အသက်ဆုံးရှုံးခဲ့ရပြီး စစ်တပ်က ကန့်သတ်ချက် အမျိုးမျိုး ထားရှိခြင်းကြောင့် ငလျင်ဘေးဒဏ်သင့် ထိခိုက်နစ်နာသူတွေထံ အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေအချိန်မီ ထိရောက်စွာ ပို့ဆောင်ပေးနိုင်ခြင်း မရှိခဲ့ဘူးလို့ ဦးကျော်မိုးထွန်းက ထောက်ပြပါတယ်။

စစ်တပ်အနေနဲ့ ပဋိပက္ခ ဖြစ်ပွားရာ နေရာဒေသတွေက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေထံ အရေးပေါ် လူသားစာနာ အကူအညီတွေ မရောက်ရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်နေတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ငလျင်ဒဏ်သင့်နေရာတွေအပါအဝင် အရပ်သားပြည်သူတွေအပေါ် မဆင်မခြင် လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေတယ်လို့လည်း ကုလနဲ့ နိုင်ငံတကာကို အသိပေးပြောဆိုခဲ့ပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေ ချုပ်ငြိမ်းဖို့ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်း၊ ဂျက် လေယာဉ်ဆီ၊ စစ်ရေး နဲ့ အရပ်ဖက် နှစ်မျိုးအသုံးပြုနိုင်တဲ့ ပစ္စည်းတွေ စီးဆင်းမှု ရပ်တန့်အောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးကို သံအမတ်ကြီးက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ဒါရိုက်တာ သည်မော်နိုင်ရဲ့ MA Cry of silence ရုပ်ရှင်ကား ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိ

မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေကြားက အထည်ချုပ်စက်ရုံ အလုပ်သမ ၁ ယောက်ရဲ့ဘဝအခြေအနေတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်မော်နိုင် ရဲ့ MA Cry of silence ရုပ်ရှင်ကားဟာ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့အရေး အမေရိကန်၏ လျစ်လျူရှုမှုဟာ တရုတ်လွှမ်းမိုးမှုချဲ့ထွင်ဖို့ တံခါးဖွင့်ပေးခြင်း ဟု SAC-M ပြော

အမေရိကန်က မြန်မာပြည်နဲ့ သိသိသာသာ ထိတွေ့ဆက်ဆံမှု ဖြတ်တောက်လိုက်ခြင်းဟာ ‌တရုတ်အတွက်တော့ ဒေသတွင်း ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ တံခါးဖွင့်ပေးသလို ဖြစ်သွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။ 
Read More

ရုရှားနိုင်ငံရဲ့ ရင်ပြင်နီချီတက်ပွဲအခမ်းအနား အကြမ်းဖက်မင်းအောင်လှိုင်တို့ ဇနီးမောင်နှံ တက်ရောက်မည်၊ အဆိုပါအခမ်းအနား တက်မည့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ လုံခြုံရေးကို တာဝန်မခံကြောင်း  ယူကရိန်းသမ္မတ ပြောကြားထား

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ပြုလုပ်မယ့် နှစ် ၈၀ ပြည့် ရင်ပြင်နီချီတက်ပွဲအခမ်းအနားကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူ ကြူကြူလှတို့ တက်ရောက်မယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တောင်ကိုရီးယားမှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ တော်လှန်ပြည်သူ ၄၀၀ ကျော် တက်ရောက် ဆန္ဒပြခဲ့…

အောက်တိုဘာလ ၄ ရက် ဒီနေ့ မွန်းလွဲပိုင်းကနေ စတင်လို့ ဆိုးလ်မြို့မှာ ဆန္ဒပြပွဲကို ဖော်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီ ဆန္ဒပြပွဲကို ကိုရီးယား NUG ကိုယ်စားလှယ်ရုံးနဲ့ ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့ပေါင်း ၃၉ ဖွဲ့ ပါဝင်တဲ့ "စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ" ကနေ စီစဉ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

နယ်စပ်တလျှောက် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်ကာ မြန်မာတိုက်ပွဲကို စောင့်ကြည့်နေ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထိုင်းစစ်တပ်က ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်း သိရပါတယ်။
Read More

ချင်းမိုင်တက္ကသိုလ်ကျောင်းသား ၁၀ ဦး ဘတ်သန်းချီပြီး အွန်လိုင်းငွေလိမ်ခံရ

ချင်းမိုင်တက္ကသိုလ် (CMU) က ကျောင်းသား ၁၀ ယောက် တစ်ရက်တည်းမှာပဲ အွန်လိုင်းငွေလိမ်ခံရပြီး ဘတ်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ကြရကြောင်း CMU နဲ့ နယ်မြေခံရဲတပ်ဖွဲ့က သတိပေးခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။