စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အမှတ်(၂)ရဲစခန်းက ဒုရဲအုပ် ၁ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မုံရွာမြို့နယ် မုံရွာမြို့ အမှတ်(၂)ရဲစခန်းက ဒုရဲအုပ်အေးသန်းထွန်းဟာ ဧပြီလ ၇ ရက်မှာ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်းဆီ BA 63 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ခဲယမ်းအချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အဆိုပါ ဒုရဲအုပ် အလင်းဝင်ရောက်ရေးအတွက် မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်း တပ်ခွဲ(၄)တပ်ခွဲမှူးဦးဆောင်မှူနဲ့အတူ မုံရွာခရိုင်အမှတ်(၂၂)တပ်ရင်းရဲဘော်တွေနဲ့ တပ်ရင်းမှူးတို့ ပူးပေါင်းကူညီပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့နှစ်ပတ်လည်စုံညီအစည်းအဝေး ပြုလုပ်…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ နှစ်ပတ်လည်စုံညီအစည်းအဝေးကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က တပ်ဖွဲ့ ဗဟိုဌာနချုပ်ရှိ ယောနကခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အရာတော်နယ်ရှိ သစ်ချိုရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု တော်လှန်ရေးတပ်သား ၁ ဦးအပါ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ချိုရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်သား ၁ ယောက်အပါအဝင် ၅ ယောက် သေဆုံးသွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အမ်းမြို့အနီးက စစ်စခန်းအများစုကို AA က တိုက်ခိုက်သိမ်းပိုက်၊ အာရက္ခပြည်တစ်ခုလုံး စစ်ကောင်စီကင်းစင်ရေး အရှိန်မြှင့်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီး စစ်စခန်းအားလုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အသိပေး ထုတ်ပြန်ပါတယ်။
Read More

ကျေးရွာမီးရှို့ဖျက်ဆီးနေသည့် စစ်အုပ်စု ဒရုန်းဖြင့် ဗုံးကြဲခံရပြီး စစ်တပ်လက်အောက်ခံ PNA ပြည်သူ့စစ်မှ တပ်ခွဲမှူး ၁ ဦး သေ၊ ၅ ဦးထက်မနည်းဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အစပ်ရှိ ဆောင်နန်းခဲကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ PNA တပ် က တပ်ခွဲမှူး သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကရင်နီစစ်တိုင်း၊ စစ်နည်းဗျူဟာအမှတ် ၁၄ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်များ ယနေ့ ပြန်လည်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေလ ၂၇ရက် ဒီနေ့မှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ သိမ်းပိုက်ရရှိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။