နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်စဉ် အကူအညီတွေ ပေးအပ်ခဲ့တဲ့ အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ငလျင်အတွက် အမေရိကန် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Samaritan’s Purse အဖွဲ့ လာရောက်ကူညီနေတဲ့ နေပြည်တော်က ယာယီဆေးရုံကို မင်းအောင်လှိုင်က ရောက်ရှိစဉ် ထည့်သွင်းပြောကြားလိုက်တာပါ။

ငလျင်ဘေးသင့် မြန်မာသို့ လာရောက်ကူညီတဲ့အတွက် အမေရိကန်အစိုးရကို “ကျေးဇူးတင်တယ်” လို့ မင်းအောင်လှိုင်ရဲ့ ပြောကြားခဲ့မှုအပေါ် အာဏာသိမ်းစစ်တပ်က ဧပြီလ ၁၀ ရက်နေ့ထုတ် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နဲ့ ရုရှားကိုသာ အားကိုးဆက်ဆံနေရတဲ့ စစ်ကောင်စီဟာ အမေရိကန်နဲ့ပတ်သက်ပြီး သဘာ၀ဘေးနဲ့ ဆက်စပ်ကာ မင်းအောင်လှိုင်က ကျေးဇူးတင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ cincds)
(ဓာတ်ပုံ cincds)

ငလျင်လှုပ်ခတ်အပြီး ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မြန်မာပြည်အတွက်အကူအညီတွေပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပြောဆိုဆွေးနွေးပြီး ဖြစ်တယ်လို့ အိမ်ဖြူတော်က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အမေရိကန်က ခရစ်ယာန်တရားဟောဆရာ ဖရန်ကလင်ဂရေဟမ် ဦးဆောင်တဲ့ Samaritan’s Purse ခရစ်ယာန်အဖွဲ့အစည်းဟာ ကိုယ်ပိုင်ရွေ့လျားဆေးရုံနဲ့အတူ မြန်မာ့ငလျင်ဘေးအတွက် ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။

အာဏာသိမ်းစစ်တပ်က ငလျင်ဘေးသင့်ချိန်မှာ နိုင်ငံတကာရဲ့ အကူအညီတွေ လိုအပ်တယ်လို့ အလျင်အမြန် အကူအညီတောင်းခံမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

လက်ရှိမှာ စစ်အာဏာသိမ်းမှုကြောင့် မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်တပ်အဖွဲ့အစည်းတွေကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ Samaritan’s Purse)
(ဓာတ်ပုံ Samaritan’s Purse)
0 Shares:
You May Also Like
Read More

ထိုင်းရောက် မြန်မာတွေ ထွက်သွားကြဖို့နဲ့ ထိုင်းနိုင်ငံကို အလုံးအရင်း ရွှေ့ပြောင်းလာတဲ့အပေါ် ကန့် ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံအတွင်းက ထွက်သွားဖို့နဲ့ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းလာနေမှုအပေါ် ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်က စစ်ကောင်စီ မြန်မာသံရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

ကျားဖြန့်မှာ အသုံးပြုသည့် ထောင်ချီတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ မဲရမတ်ခရိုင်မှာ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ ဆင်းကဒ်တွေအမြောက်အမြား သယ်ဆောင်လာတဲ့ အမျိုးသားတစ်ယောက်ကို အာဏာပိုင်တွေက စနေနေ့မှာ ဖမ်းဆီးခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။
Read More

မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို ပြည်ပရောက်မြန်မာတွေ နိုင်တဲ့ဘက်က ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ကို ပြည်ပရောက်မြန်မာတွေက နိုင်တဲ့ဘက်ကကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံရှိ စက္ကူအိတ်ထုတ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားခေါင်းဆောင်များကို ကူညီ အမှုဖွင့် တိုင်ကြားပေးခဲ့

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Earth Environmentai Protection Technology စက္ကူအိတ်ထုတ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင်တွေကို ကူညီပြီး အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ပိတ်ဆို့ခံ စစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသည့် စစ်ကော်မရှင် အရေးယူဒဏ်ခတ်မှုမှ ကင်းလွတ်နေသေးကြောင်း JFM သတိပေး

စစ်ကော်မရှင်လို့ အများကြခေါ်ကြတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် (SSPC)” အဖွဲ့အစည်းကို နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ မချမှတ်ရသေးကြောင်း Justice For Myanmar (JFM) က ဒီနေ့မှာ သတိပေး ထုတ်ပြန်ပါတယ်။
Read More

ကစားသမားဘဝကို နိုင်ပွဲနှင့်အတူ စွန့်ခွာသွားခဲ့တဲ့ ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်

ထိုင်းနိုင်ငံမှာ ဒီနေ့ အောက်တိုဘာ (၄)ရက် မနက်ပိုင်းက ကျင်းပခဲ့တဲ့ ONE Fight Night ပွဲစဉ်မှာ MMA ဖိုက်တာ အောင်လအန်ဆန်ဟာ ပြိုင်ဘက်ဖြစ်သူ ဆွီဒင်နိုင်ငံသား ဖိုက်တာ ကာဒက်စတမ်ကို အလဲထိုးကာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။