စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ Kawlin info နဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဧပြီ ၉ ရက် မနေ့က ညနေပိုင်းနဲ့ ညဦးပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ရာမှာ ဂျက်ဖိုက်တာ ၃ စီးနဲ့ ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှင်းလင်းရေးလုပ်ဆောင်နေချိန် ညဦးပိုင်းမှာတော့ ဂျက်ဖိုက်တာ ၁ စီးနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Kawlin Info က ဆိုပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံးတယ်လို့ သိရပြီး သေဆုံးသူ အရေအတွက် အတိအကျကို စိစစ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ – Kawlin Info

0 Shares:
You May Also Like
Read More

ရုရှားကနေ မှာယူထားတဲ့ Su-30SME အမျိုးအစား လေယာဉ် ၆ စင်းလုံး စစ်ကောင်စီထံ ပေးပို့ပြီးပြီ ဟု ဆို

စစ်ကောင်စီက မှာယူထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ်  Su-30SME အမျိုးအစား လေယာဉ် ၆ စင်းကို ရုရှားက မြန်မာနိုင်ငံကို ပေးပို့လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group ကရေးသားထားပါတယ်။
Read More

ဘုတလင်မှာ BLDF နဲ့ 96 Soldiers အဖွဲ့တို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ရိက္ခာတွေ ထောက်ပံ့ပေးပို့ခဲ့…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) နဲ့ 96 Soldiers အဖွဲ့တို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ရိက္ခာတွေ ထောက်ပံ့ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ပြုလုပ်သည့် ကရင့်အမျိုးသားအာဇာနည်နေ့ (ဓာတ်ပုံသတင်း)

သြဂုတ်လ ၁၂ရက် ဒီနေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့အတွက် ဂုဏ်ပြုပွဲအခမ်းအနားကို KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ဌာနချုပ် မယ်သမီခီး (ထီးခီး) မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစ်လလျှင် လူ ၅၀ ကျော် သေဆုံးနေ

၃ လတာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၆၀ ကျော် သေဆုံးခဲ့ရတယ်လို့  နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေး ထုတ်ပြန်ပါတယ်။
Read More

ရေဦးမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်း ပြိုင်ထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရ…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ ကြောင်း ပြိုင်ထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အမ်းမြို့အခြေစိုက် စရဖ တပ်ကို AA သိမ်းပိုက်ထားနိုင်ပြီလို့ သတင်းထွက်ပေါ်နေ

ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ရင်း စရဖတပ်ကို ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အမှတ် ၃၇၄ အမြောက်တပ်နဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးတပ် COD ကို ထိုးစစ်ဆင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။