မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲမှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက်​ရင်း တိုက်ပွဲအတွင်း အရပ်သားတွေ ရောနှောလာတာကြောင့် အရပ်သားထိခိုက်မှုမရှိရအောင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

ဧပြီလ ၇ရက် မနက်ပိုင်းက ငါးသရောက်မြို့နယ်ခွဲ ရဲစခန်းကနေ ထွက်လာတဲ့ စစ်သားနဲ့ရဲ ၁၀ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုမိုင်းဆွဲရင်း ၄၀မမ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်အုပ်စုတွေကို မန်းဘခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ပုဂံညောင်ဦးအခြေစိုက် ဂဠုန်ပြောက်ကျားတပ်ဖွဲ့ (Garuda Secret Force)၊ နပတ (၇၀၄) နဲ့ Local တပ်ပေါင်းစု တပ်ရင်းတွေ
ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

တိုက်ပွဲရှိရာ သွားနေသည့် မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

အဲ့ဒီနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးနေချိန် အရပ်သားတွေနဲ့ စစ်အုပ်စုတွေ ရောနှောလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က အရပ်သားတွေ ထိခိုက်မှုမရှိအောင် ဆုတ်ခွာခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အရပ်သားပြည်သူတွေအနေနဲ့ စစ်ကောင်စီ (အထိုင်စခန်း)တွေနဲ့ စစ်ရေးပစ်မှတ်တွေရဲ့ အနီးတဝိုက်ကို သွားလာခြင်းမပြုလုပ်ကြဘဲ တော်လှန်ရေးတပ်တွေကို ကူညီပူးပေါင်းပေးကြဖို့ မန်းဘခိုင် ပုဂံညောင်ဦးအ​ခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်အုပ်စုက ဒေသခံပြည်သူ ၄ ဦးကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး ကိုယ်လက်အင်္ဂါများဖြတ်တောက်

“သူတို့ဘယ်လို ဖမ်းဆီးခံလိုက်ရလဲတော့ သေချာမသိပါဘူး၊ သူတို့ရွာ နဲ့ ကပစ ၂၄ က နီးတယ်၊ စစ်ကြောင်းရွာထဲကို ရုတ်တရက်ဝင်လာချိန် အဖမ်းခံလိုက်ရတာနဲ့ တောင်ယာလုပ်ရင်း အဖမ်းခံရတာ အဲ ၂ ခုထဲက တစ်ခုခုပါပဲ” လို့ မကွေးတိုင်း ပကဖ ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းအတွက် ရှေ့ပြေးလာသည့် ပျူခေါင်းဆောင် ဝန တို့အဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်အတွက် ရှေ့ပြေးလာတဲ့ ပျူခေါင်းဆောင် ဝန တို့အဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ထံက သိရပါတယ်။
Read More

ပခုက္ကူခရိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

တနင်္သာရီတိုင်းတစ်ခုလုံးမှာ စစ်ဘေးရှောင်ပြည်သူ ၆ သောင်းခွဲအထိ မြင့်တက်လာ

တနင်္သာရီတိုင်းတစ်ခုလုံးမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် နေ့ရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသူ လူဦးရေဟာ ၆ သောင်းခွဲကျော်အထိ ရှိလာကြောင်း  FE5 Tanintharyi က ထုတ်ပြန်လိုက်ပါတယ်။  
Read More

သံတောင်ကြီးတွင် စစ်ကောင်စီ၏ လမ်းကင်းတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွား၊ စစ်တပ်က ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ People Defence Force Thandaung က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက တောရဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရတယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ လက်ရုံးတပ်က ထုတ်ပြန်ပါတယ်။