မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းရော မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

ဧပြီလ ပထမပတ်အစပိုင်းမှာ စစ်ကောင်စီက ကြည်းကြောင်း၊ လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်နေတာဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေလည်းရှိတယ်လို့ သိရပါတယ်။

“စစ်ကောင်စီက ဒီရက်ပိုင်း ထိုးစစ်ဆင်တော့ ပြင်းပြင်းထန်ထန်ပြန်ဖြစ်နေတယ်။ ကျနော်တို့ဘက်က ပြန်ကာနေရတဲ့ပုံစံပါ။ သူတို့ဘက်က လေကြောင်းပစ်အား၊ ဒရုန်းအားတွေနဲ့ထိုးလို့ ကျနော်တို့ရဲ့ ကုန်းတွေဘာတွေ ပါသွားတာမျိုးဆိုရင်တော့ ကျနော်တို့ဘက်က ပြန်ရအောင်ထိုးတာမျိုးရှိပါတယ်။ စစ်ကောင်စီက သူတို့ကြေညာထားတာကို မလေးစားဘဲ လေကြောင်း၊ ဒရုန်း၊ မြေပြင်သုံးပြီး ထိုးစစ်လုပ်လာလို့ ကျနော်တို့ ခုခံစစ် ဆင်နွှဲနေရတာပါ”  လို့ မြေပြင်တော်​လှန်ရေးတပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။

ဧပြီလ ၃ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ၇မိုင်ကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ယောက် ကျဆုံးခဲ့ကြောင်းအထက်ပါ သတင်းရင်းမြစ်က အတည်ပြုပါတယ်။

သပိတ်ကျင်း၊ ၇ မိုင်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် မိုးကုတ်ဗျူဟာ တပ်ဖွဲ့ဝင် ၁ ဦးကို တွေ့ရစဥ်

လက်ရှိအချိန်အထိ ၇မိုင်ကျေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲတွေရှိနေဆဲ ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ အဆက်မပြတ် အသုံးပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

၇မိုင်ကျေးရွာက စစ်ကောင်စီနဲ့ ထိတွေ့မှုတွေမှာ TNLA ၊ MDY PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ မိုးကုတ်ပကဖ၊ မိုးကုတ်ဗျူဟာ၊ PLA ၊ ၅၁၃ တပ်ရင်း ၊ ၁၂၂၂ တပ်ရင်းတွေ ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၅ရက်နေ့မှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြို့နဲ့ ၇မိုင်အကွာ ၇မိုင်ကျေးရွာက စခတ-၂ စစ်အ​ခြေခံလေ့ကျင့်ရေးတပ်​၊ ကျောက်ကြီးနည်းပညာတပ်နဲ့ တွင်းငယ်ကျေးရွာအနီးက တကသ-တကသ၁၃ တို့ကျန်ရှိနေတာ ဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်းဆုတ်ပြေးလာတဲ့ စစ်အုပ်စုတွေက အထက်ပါစခန်းတွေမှာ အင်အားပြန်လည်ဖြည့်တင်းရင်း အနီးအနားကျေးရွာတွေကို ထိုးစစ်ဆင်ကာ ပြန်လည်သိမ်းယူနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတုန်းကလည်း တော်လှန်ရေးတပ်တွေ သိမ်းယူထားတဲ့ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာမှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲမှုကြောင့် လူငယ်တွေ ရှောင်တိမ်းနေကြရ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ သုံးဆယ်မြို့တို့က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲမှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၁) တပ်ရင်း တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းတောင်-ကယား(ကရင်နီ)တိုင်းစစ်ဒေသ ဗျူဟာအမှတ်(၁၄) ကွပ်ကဲရေးအောက်ရှိ အမှတ်(၁၀၀၁) တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ ၄ နှစ်ပြည့်ပြီ ဖြစ်တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပုလဲ ပအဖ က တောင်ယမားရေလှောင်တမံကို သွားရောက်ကြည့်ရှုစစ်ဆေး

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ်၊ ရပ်ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေ တောင်ယမားရေလှောင်တမံ ပြုပြင်ထိန်းသိမ်းစောက်ရှောက်ရေးကော်မတီတို့က စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ တောင်ယမားဆည် ရေဝင်မှုအခြေအနေတွေ သေချာတိကျစွာ သိရှိနိုင်အောင် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြောက်ဥက္ကလာ EPC ရုံး လုံခြုံရေးဂိတ် လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး အစောင့်ကျတဲ့ အကြမ်းဖက်စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာလ ၈ရက်၊ ည ၇နာရီကျော်လောက်က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ EPC ရုံး လက်ပစ်ဗုံးနဲ့အပစ်ခံရပြီး ကင်းအစောင့်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။
Read More

Yaw Revolution Army – ထီးလင်း တပ်ဖွဲ့က ရှေ့တန်းရောက်ရဲဘော်အချို့ရဲ့ မိသားစုဝင်တွေကို ဆီနဲ့ ဆန်တွေ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ ၁၆ နဲ့ ၁၇ တို့ ပူးပေါင်းထားတဲ့ Yaw Revolution Army - YRA ထီးလင်း တပ်ဖွဲ့က ရှေ့တန်းရောက်ရဲဘော်တချို့ရဲ့ မိသားစုဝင်တွေကို ဆီနဲ့ ဆန်တွေ ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးကော်မရှင်ဟုဆိုပြီး ဖွဲ့စည်း

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ကို စတင်ဖွဲ့စည်းလိုက်တယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။