စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင်တွေရဲ့ အောင်ပွဲခံ ပုံရိပ်တွေကို ထုတ်ပြန်လိုက်ပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲဝင် အမှတ် () စစ်ကြောင်း၊ တပ်ရင်း (၁၄) တပ်ဖွဲ့ဝင်တချို့ဆိုတဲ့ စသားနဲ့ ABSDF ကအင်းတော်မြို့အတွင်းမှာ စစ်ကောင်စီထံက သိမ်းဆည်းရရှိမိတဲ့ လက်နက်ကြီးတွေနဲ့ အတူတကွ တွဲဖက်ရိုက်ကူးအောင်ပွဲခံနေတဲ့ ဓာတ်ပုံတွေကို ဖော်ပြသပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် () စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ အင်းတော် မြို့သိမ်းတိုက်ပွဲကို () လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ဧပြီလ () ရက် မနေ့က ညပိုင်းမှာ မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

အင်းတော်မြို့ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူးကိုယ်တိုင် ကွပ်ကဲနေတာဖြစ်တယ်လို့ သိရပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ထံက ဟောင်ဝစ်ဇာ () လက်၊ ၁၂၀ မမ () လက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပူးပေါင်းတပ်တွေနဲ့အတူ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

(ဓာတ်ပုံ ABSDF)

0 Shares:
You May Also Like
Read More

⁨ပေါက်ခေါင်းမှာ စစ်တပ်အတွက် ရိက္ခာပို့ကားကို ကြားဖြတ်တိုက်ခိုက်၊ ကားပေါ်ပါလာတဲ့ စစ်သားအားလုံး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေရှိရာကို ရိက္ခာလိုက်လံပို့နေတဲ့ ရိက္ခာသည်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်ရာ ကားပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်သား (၉) ယောက်လုံး သေဆုံးသွားတယ်လို့  ပြည်ခရိုင်တပ်ရင်း ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။ 
Read More

“သိမ်းငှက်စစ်ဆင်ရေး”အတွင်း စစ်အုပ်စုစခန်း ၆ခု အပါ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြားကို မော်လိုက် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ရရှိခဲ့

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု စခန်း ၆ခုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းငှက်စစ်ဆင်ရေးအဖြစ် ၂လနီးပါး တိုက်ခိုက်သိမ်းပိုက်ရင်း စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

သင်္ကြန်ကာလအတွင်း မူးယစ်သောက်စားပြီး ခိုက်ရန်ဖြစ်ပွားတာ၊ ကခုန်ပျော်ပါးတာတွေမလုပ်ဖို့ ကော့သောင်းပကဖ သတိပေး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ပြည်သူတွေကိို စာနာကြောင်းပြသတဲ့အနေနဲ့ သင်္ကြန်ကာလ မူးယစ်သောက်စားတာတွေနဲ့ အသံချဲ့စက်ဖွင့် ကခုန်ပျော်ပါးတာ၊ ခိုက်ရန်ဖြစ်ပွားတာတွေမလုပ်ဆောင်ကြဖို့ ကော့သောင်းပကဖ က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၁၀ ဦး သေဆုံးခဲ့ဟု NUG တရားဝင် ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် - (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ ကျောက်မဲနှင့် သီပေါပြန်လည်သိမ်းပိုက်သည့် စစ်ဆင်ရေး SSPP ကူညီလမ်းကြောင်းဖွင့်ပေးခဲ့ကြောင်း TNLA ပြောဆိုမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း SSPP ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက် စစ်အုပ်စု ပြန်လည် ထိုးစစ်ဆင်ပြီး ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါတိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က စစ်ကောင်စီတပ်ကို ကူညီလမ်း‌ကြောင်းဖွင့်ပေးတာဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA ရဲ့  ပြောဆိုမှု​အပေါ် ကန့်ကွတ်ရှုတ်ချကြောင်း အောက်တိုဘာ ၁၈ ရက် ဒီနေ့မှာ SSPP က ထုတ်ပြန်ပါတယ်။
Read More

လားရှိုးနဲ့ သိန္နီက စစ်ရှောင်တွေအတွက် ရိက္ခာ နဲ့ အသုံးအဆောင်တွေ ထောက်ပံ့ (ဓာတ်ပုံသတင်း)

လားရှိုးမြို့နယ်နဲ့ သိန္နီမြို့နယ်တို့က စစ်ရှောင်ပြည်သူတွေအတွက် Lashio F.Y.O ပရဟိတအဖွဲ့က စားနပ်ရိက္ခာနဲ့ အသုံးဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။