ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ နှစ်ဖွဲ့ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးတွေ စတင်နေပြီလို့ KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးပြောကြားပါတယ်။

“KIO နှင့် PSLF နှစ်ဖွဲ့ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးများစတင်နေပါပြီ၊ သက်ဆိုင်ရာ ဒေသတွင်းရှိ မိဘပြည်သူများ နားလည်ကူညီပေးကြပါရန် နှင့် Online သုံးစွဲသူများ၊ မီဒီယာများ၊ အကြံပေးထောက်ပြလိုသူများထံမှလည်း အပြုသဘောဆောင်သော ကူညီပံ့ပိုးမှုများကို မျှော်လင့်ပါသည် “ လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က အသိပေးရေးသားထားပါတယ်။

လတ်တလော ရှမ်းမြောက်ဒေသက မြို့တချို့မှာ ဖြစ်ပွါးနေတဲ့ KIA နဲ့ TNLA တို့ရဲ့ နယ်မြေအငြင်းပွားမှု ကိစ္စရပ်တွေကို ရည်ညွှန်းပြီး အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ် KIA နဲ့ တအာင်းတပ်မတော် TNLA တို့အကြား မြေပြင်မှာ သဘောထားကွဲလွဲပွတ်တိုက်မှုတွေကို နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေအနေနဲ့ အခက်အခဲမရှိ ဖြေရှင်းနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းတောင်းဆိုထားကြပါတယ်။

KIA နဲ့ TNLA ဟာ နယ်မြေကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကွတ်ခိုင်အပြင် နမ္မတူ၊ နမ့်ခမ်း၊ မန်တုံမြို့တွေမှာလည်း အကြာခဏ ထိတွေ့ပွတ်တိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေကတော့ အခြေအနေတွေကို အကောင်းဆုံးထိန်းသိမ်းသွားမှာဖြစ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသွားဖို့ ရှိတယ်လို့ အသီးသီးထုတ်ပြန်ထားပါတယ်။

လက်ရှိ KIA နဲ့ TNLA ကြားဖြစ်ပွားနေတဲ့ ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားနေမှုတွေကို လူထုသဘောထားရယူပြီး ဆုံးဖြတ်သွားမယ်လို့ KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ မတ်လ ၈ ရက်နေ့က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားအသိပေးထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၂) ဦးသေဆုံး၊ ကလေး(၂) ဦးနှင့် ပြည်သူ (၁) ဦးဒဏ်ရာရ…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ် ၂ ယောက်အပါ အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးတွင် စစ်တပ်နှင့်ပေါင်းပြီး အရပ်သားများကို အနိုင်ကျင့်နေသည့် ကျောက်နီမော်ရွာ ပျူစောထီးတစ်ဦးကို ဖမ်းမိခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်း‌လုံးမြို့နယ်မှာ ကျောက်နီမော်ရွာ ပျူစောထီးအဖွဲ့ဝင် ၁ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း SPECIAL GUERRILLA FORCE အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကနီမြို့နယ် သမင်ခြံကျေးရွာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံစံပြကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်လေယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

KNDF အမှတ် ၈ တပ်ရင်း ရဲဘော်များနှင့် မိသားစုဝင်များ ပါဝင်သည့် တပ်တွင်းတွေ့ဆုံပွဲ ပြုလုပ်ခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၈) တပ်ရင်းအနေနဲ့ တပ်ရင်းရှိ ရဲဘော်တွေ၊ ရဲဘော်တွေရဲ့ မိသားစုဝင်တွေ ပါဝင်တဲ့ တွေ့ဆုံပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် တိုင်းပြည်မငြိမ်သက်ရခြင်း ဖြစ်တယ်လို့ မင်းအောင်လှိုင် စွပ်စွဲ

လက်ရှိ တိုင်းပြည်အနေနဲ့ တည်ငြိမ်အေးချမ်းမှု မရှိခြင်းဟာ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။ 
Read More

ရှမ်းတောင်မှာ PNLA နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆင်ရေး ဖော်ဆောင်နေ (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။