ငလျင်ဒဏ်သင့်ဒေသတွေမှာ အကူအညီပေးဖို့ ဆေးဝါးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ဂျပန် စစ်လေယာဉ်ဟာ ဒီနေ့ ဧပြီလ ၉ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။

ငလျင်ဘေးသင့် ပြည်သူတွေကို အဓိကကူညီဖို့ ၀န်ထမ်း အယောက် ၂၀ နဲ့ ဆေးဘက်ဆိုင်ရာ ကုန်ပစ္စည်း ၂ ဒသမ ၅ တန်ပါတဲ့ C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ SDF (Self-Defense Force) အခြေစိုက်စခန်းကနေ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

C-130 ပို့ဆောင်ရေးလေယာဉ်မှာ ဂျပန်နိုင်ငံ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ (JDR) နဲ့အတူ လိုအပ်တဲ့ ဆေးဝါးတွေ၊ ရောဂါရှာဖွေရေး စမ်းသပ်ကိရိယာတွေ အပါအဝင် ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ အဓိက ပါဝင်လာတယ်လို့ သိရပါတယ်။

ဂျပန်အစိုးရဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် မြန်မာ့ငလျင်ဘေးအတွက်  အရေးပေါ်ထောက်ပံ့ငွေ ဒေါ်လာ (၆) သန်း ပေးအပ်မှာဖြစ်ကြောင်း တရားဝင် ကြေညာထားပါတယ်။

ပြီးခဲ့တဲ့  ဧပြီလ ၂ ရက်နေ့ကလည်း ဂျပန်အစိုးရက ဆရာဝန်တွေ အပါအဝင် အဖွဲ့ဝင် ၃၂ ယောက်ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ကို မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် စေလွှတ်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းရဲ့ ရက် ၁၂၀ စီမံချက်အတွင်း တရားမဝင် မြန်မာလုပ်သား ၁,၃၀၀ နီးပါး ဖမ်းဆီးခံရ

လွန်ခဲ့တဲ့ ၃လကျော်အတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်မှုကြောင့် နိုင်ငံခြားသား ၂,၀၀၀  ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။
Read More

အလှမယ် သဲစုငြိမ်း ရရှိသွားတဲ့ Miss Grand International 2025 2nd Runner-Up ကို MGI ပြန်ရုပ်သိမ်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာနိုင်ငံဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ ရုပ်သံဖိုင်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကျေးရွာအတွင်းကို မြန်မာဘက်ခြမ်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ ရုပ်သံဖိုင်ကို ထိုင်းမီဒီယာတွေ ဖော်ပြလာပါတယ်။ အဆိုပါဖြစ်ရပ်ဟာ ဒီဇင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ဟာ ကျေးရွာဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မြဝတီငွေလိမ်ဂိုဏ်းတွင် လုပ်ကိုင်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၅၄၀ ကျော်ကို ပြန်ခေါ်ဖို့ အိန္ဒိယအစိုးရက စစ်လေယာဉ်တစ်စင်း စေလွှတ်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံ 5.18 ဂွမ်ဂျူး ဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနားသို့ NUG အစိုးရတာဝန်ရှိသူများနှင့် မြန်မာတော်လှန်ရဲဘော်များ တက်ရောက်

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ခန်းမမှာ ကျင်းပတဲ့ 5.18 ဂွမ်ဂျူး ဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ NUG Korea ကိုယ်စားလှယ်ရုံး အထောက်အကူပြုအဖွဲ့ဝင်၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးတင်ဌေးအောင်နဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်ဆောင်ရွက်ကြတဲ့ မြန်မာရဲဘော်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

အင်ဒိုနီးရှားနိုင်ငံတွင် ရေကြီးမြေပြိုမှုတွေကြောင့် လူပေါင်း ၁၇၄ ဦးကျော် သေဆုံး (ရုပ်/သံ)

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူအများအပြားသေဆုံးကာ အဆောက်အဦးများလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၆ ရက်က စတင်ခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် အင်ဒိုနီးရှားမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး မြေပြိုမှုတွေကြောင့် အချို့ဒေသတွေမှာ အိမ်ရာ ၃၂၀၀ ကျော်ပျက်စီးခဲ့ရပြီး မိသားစု ၃၀၀၀ ကျော်ဟာ အရေးပေါ်အကူအညီများ လိုအပ်နေတယ်လို့ သိရပါတယ်။