ကရင့်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၂) တောင်ငူခရိုင်၊ သံမိုးတောင် ကျေးရွာမှာ ဧပြီ ၇ ရက် နံနက်ပိုင်းက နေအိမ်နဲ့ ခရစ်ယာန်ဘာသာရေးကျောင်း‌ဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန် လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ တယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ထုံးဘိုကြီးကျေးရွာအထွက် တော်လှန်ရေးတပ်တွေ ဆီးကြိုတိုက်ခိုက်ခဲ့ပြီး အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထုံးဘိုကြီး‌ကျေးရွာအတွင်း ပြန် လည်ဝင်ရောက်သွားပြီး ရွာအတွင်းရှိ စျေးဆိုင်၊ ကားနဲ့ ဆိုင်ကယ်တွေကို ဖျက်ဆီးပြီး လမ်းသွား ပြည်သူတွေကို ရိုက်နှက်ဖမ်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၁ နာရီကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုကို အသေးစိတ် မရှိရပေမယ့် လူနာတင်ယာဉ် ၂ စီးဟာ ထုံးဘိုကြီးစခန်းသို့ ရောက်ရှိလာပြီး တောင်ငူဘက်သို့ ထွက် ခွာကြောင်း သိရပါတယ်။

ဒါ့အပြင် ဧပြီ ၆ ရက် နေ့လယ်ပိုင်းကလည်း ကမ်းနီးကျေးရွာပျူကင်းပုန်းတွေကို ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး ၁ ယောက်ကာ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တောင်ငူ-လိပ်သိုလ် လမ်းမထက် ဖြတ်သန်းသွားလာမယ့် ယာဉ်တွေကို နံနက် ၆ နာရီကနေ ညနေ ၆ နာရီအထိသာ ခွင့်ပြုထားတဲ့အတွက် မိဘပြည်သူများအနေနဲ့ အရေးပေါ်ကိစ္စများရှိပါက နီးစပ်ရာ အဖွဲ့အစည်းများထံသို့ အကြောင်းကြားပြီးမှ ဖြတ်သန်းသွားလာကြဖို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့မှ မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်ချေမှုန်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကြောင်းထိုးမယ့် စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းက ရသေ့ကျောင်းအနီး စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ငါးယှန်ကျေးရွာကို ဝင်ရောက်မွှေနှောက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁၃ လုံး ကြဲချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မွှေနှောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီး ၁၃ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ M.D.F Drone Force ထံက သိရပါတယ်။
Read More

ချောင်းဦးတွင် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် ပြုလုပ် (ရုပ်/သံ)

ချောင်းဦးမြို့နယ် လူငယ်အင်အားစုသပိတ်ကော်မတီ ၊ ချောင်းဦးမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းပြီး စစ်ကော်မရှင် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

လွတ်လပ်ရေးနေ့မှာ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့ရှိ ကေတုမတီလေတပ်စခန်းကို လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက် ယနေ့နံနက်ပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်ဖို့ ပြင်ဆင်ခဲ့ရာ ၁၀ လုံးကို အောင် မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ ပြင်ဆင်နေကြောင်း ဦးရည်မွန် ပြောကြား (ရုပ်/သံ)

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်ရွယ်က ပြောကြားခဲ့ပါတယ်။