မြန်မာနိုင်ငံတစ်ဝန်း မတ်လတစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အလင်းဝင်လာသူ (၆၈) ယောက်နဲ့ ဖမ်းဆီးရမိသူ (၅၉) ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ် မတ်လအတွင်း ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ အကြမ်းဖက် စစ်ကောင်စီတပ်က အလင်းဝင်လာသူ (၆၈) ယောက်ရှိပြီး အဲဒီထဲမှာ (၄၁) ယောက်က စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
အလင်းဝင်စစ်သားတွေကတော့ ပဲခူးတိုင်းက (၁) ယောက်၊ ကရင်ပြည်နယ် (၁) ယောက်၊ ကရင်နီပြည်နယ် (၅) ယောက်၊ ချင်းပြည်နယ်က (၂) ယောက်၊ မကွေးတိုင်း (၁၂) ယောက်၊ မွန်ပြည်နယ် (၈) ယောက်၊ စစ်ကိုင်းတိုင်း (၁၀) ယောက်၊ တနင်္သာရီတိုင်း (၅) ယောက်၊ နေပြည်တော် (၂) ယောက်နဲ့ မန္တလေးတိုင်း (၁၆) ယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။
ကျန်တဲ့အလင်းဝင်လာသူ (၆) ယောက်ကတော့ ပြည်သူ့စစ်တွေဖြစ်ပြီး စစ်ကိုင်းတိုင်းက (၅) ယောက်နဲ့ မန္တလေးတိုင်းက (၁) ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိသူတွေကတော့ စစ်သား စုစုပေါင်း ၅၉ ယောက်ရှိပြီး မန္တလေးတိုင်းက (၁၄) ယောက်၊ ကရင်နီပြည်နယ် (၇) ယောက်၊ မကွေးတိုင်း (၃) ယောက်နဲ့ စစ်ကိုင်းတိုင်း (၃၅) ယောက် ဖြစ်ပြီး ၁ ယောက်ကတော့ အဓမ္မစစ်သားစုဆောင်းခံရသူ တပ်သားသစ် ဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) မှ ရှေ့တန်းစစ်မြေပြင်များတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်း (၂) ၊ ရေးပြောက်ကျားတပ် (YGF) အနေနဲ့ စိုးမိုးနယ်မြေတွေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။‎
Read More

ရွေးကောက်ပွဲအတွက် အစည်းအဝေးထိုင်နေသည့် လှိုင်သာယာ ၁၄ ရပ်ကွက်ရုံးကို UG ၂ ဖွဲ့ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ တရားမဝင်ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်ဆောင်နေတဲ့ ၁၄ ရပ်ကွက်ရုံးကို သွားရောက် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း လုပ်ဆောင်ခဲ့တဲ့  မြို့ပြကြွက်ကွန်ရက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဂုတ်ထိပ်တံတား ပြိုကျခြင်းဟာ အကြမ်းဖက်စစ်တပ်၏ ဒရုန်းကြောင့်သာဖြစ်သည်ဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာရှိတဲ့ သမိုင်းဝင် ဂုတ်ထိပ်တံတား ပြိုကြပျက်စီးခဲ့တာဟာ စစ်တပ်ရဲ့ ဒရုန်းတွေကြောင့် ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုလာပါတယ်။
Read More

တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေမှာ စစ်ကောင်စီတပ်စခန်းတွေ လနဲ့ချီ ဖြတ်တောက်ပိတ်ဆို့ခံထားရလို့ ရိက္ခာပြတ်တဲ့ အခြေအနေနဲ့ ကြုံနေရ

တော်လှန်ရေးအားကောင်းတဲ့ နယ်မြေအများစုမှာ စစ်ကောင်စီတပ်တွေဆီ ရိက္ခာလာရာ လမ်းကြောင်းတွေ ဖြတ်တောက်တဲ့ နည်းလမ်းကို အသုံးပြုကာ အင်အားနည်းသွားတဲ့အချိန်မှာ ဝင်ရောက်တိုက်ခိုက်တဲ့ ဗျူဟာကို အသုံးပြုမှု အားကောင်းလာတယ်လို့ CDM ပြုလုပ်ထားတဲ့စစ်တပ်အရာရှိတွေကပြောပါတယ်။
Read More

ပြည်သူတွေ လယ်ယာရိတ်သိမ်းဖို့ တော်လှန်ရေးရဲဘော်တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်ပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက ပျူရွာတွေ အနီးမှာရှိတဲ့ ပြည်သူတွေစိုက်ပျိုးထားတဲ့ လယ်ယာတွေ အဆင်ပြေပြေရိတ်သိမ်းနိုင်ဖို့ တော်လှန်ရေးရဲဘော်တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်ပေးခဲ့တယ်လို့ ShweBo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 
Read More

ကျောက်မဲမှာ စစ်လက်နက်ကြွင်းကျန် ပေါက်ကွဲမှုဖြစ်ပွား၊ ၈နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကြူရှောကျေးရွာအုပ်စု၊ ပန်ဆန်ကျေးရွာမှာ စစ်လက်နက်ကြွင်းကျန် လက်နက်ကြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒေသခံ ၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး ကိုရင်ငယ်လေး တစ်ပါးအပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။