စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၁) ယောက်နဲ့ အမျိုးသား (၂၈) ယောက် စုစုပေါင်း (၅၉) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် (၈) ယောက် ပါဝင်ပြီး သေဆုံးသူတွေထဲက (၄၄) ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းကနေ ပစ်ခိုက်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့တယ်လို့ AAPP က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက် ညဉ့်နက်ချိန်ကလည်း ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရှိ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ Paramotor တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ မောင်နှမ ၃ ယောက် ဗုံးစထိမှန် သေဆုံးခဲ့ကာ နေအိမ်နဲ့ ရုပ်အလောင်းတွေ မီးလောင်ပြာကျသွားခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – သုံးပန်လှကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး မြင်တွေ့ရပုံ…
0 Shares:
You May Also Like
Read More

ပခုက္ကူမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် လူမရှိဘဲ သေနတ် ၁ လက်သာ တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ပေမယ့် လူမရှိတာကြောင့် တွေ့ရှိတဲ့ သေနတ် ၁ လက်ကိုသာ သိမ်းဆည်းခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။
Read More

လက်နက်စက်ရုံ ကပစ- ၁၃ ကို ရှော့တိုက်ဒုံး အများအပြားနှင့် ပစ်ခတ်တိုက်ခိုက် …ထိခိုက်ပျက်စီးမှု များပြားနိုင်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၁၃) စက်ရုံကို ရှော့တိုက်ဒုံး ၁၀လုံးနဲ့ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က‌ ဒီကနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူမှာ အုပ်ချုပ်ရေးမှူး ဖွင့်ထားသည့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ အုပ်ချုပ်ရေးမှူးရဲ့သား အပါအဝင် ပျူစောထီး ၃ ဦး ပွဲချင်းပြီး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်ပျူစောထီးဂိတ်ကို ဝင်ရောက်တိုက်ခိုက််််််မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ အပါအဝင် ပျူစောထီး ၃ ယောက် နေရာတင် သေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုင်အမာစခန်းနေရာတွေကို ၄ နေရာကို သိမ်းပိုက်ပြီး အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုက်အမာစခန်းနေရာ ၄ ခု ကို တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက်သမား အလောင်းတွေနဲ့ အကြမ်းဖက်စစ်ကောင်စီက တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီနဲ့ မြိတ်အစပ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ရာ ၅ယောက်သေ

တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ် အစပ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။