မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အုန်းတော နဲ့ ယာကြီးပြင်ကျေးရွာတွေထဲ အထိုင်ချထားတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ (၂၄) က စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကြောင်းမှူးအပါအဝင် ၇ ယောက်သေဆုံးပြီး ၃ ပွင့်ဗိုလ်အပါ ၁၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူတကိုယ်တော်ကျားဇိုး (LDF) တပ်ဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
ဆိပ်ဖြူတကိုယ်တော်ကျားဇိုး(LDF) တပ်ဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့တွေ ထောင်ထားတဲ့ တိုက်မိုင်းတွေကို စစ်ကောင်စီတပ်ဖွဲ့​ဝင်တွေက ဖြုတ်ယူရာမှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၃ ရက် မနက်ပိုင်းမှာ ၁ လုံးနဲ့ နေ့လယ်ပိုင်းမှာ ၁ လုံး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဧပြီလ ၄ ရက် မနက်ပိုင်းမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ခွေးတွေက ပေါက်နဲ့ အုန်းတောကြား ထွန်းသစ္စာ ဆီဆိုင်အနီးမှာ မိုင်းခွဲတော့ ၇ကောင် သေတယ်။ ဒဏ်ရာရတာက ၁၆ကောင်လောက်ရှိမယ်။ ၄ရက်နေ့ မနက်ပိုင်းကျ အလောင်း၂လောင်းရယ်၊ ထိခိုက်ဒဏ်ရာရထားတဲ့ကောင်တွေရယ်ကို Mi17 ရဟတ်ယာဥ် ၂စီးနဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆီခေါ် သွားတယ်။ သယ်သွားတဲ့ အလောင်းတွေက စစ်ကြောင်းမှူးနဲ့ ခွဲမှူး ငမောင် (ခေါ်) ဘကျော် တို့ရဲ့အလောင်းတွေပါ။ ဘကျော်က ရန်ကုန်၊ ထောက်ရှာပင်ဇာတိပါ။ စစ်ကြောင်းမှူး အူပွင့် သေတယ်။ ဒဏ်ရာအပြင်းအထန်ရသွားတဲ့ (၁၁)ကောင်ထဲမှာ ယာကြီးပြင်ပျူရွာထဲ အထိုင်ချထားတဲ့ (၃) ပွင့် နဲ့ ဗိုလ် ခန့်မှူးမောင်ဆိုတဲ့ကောင်ကတော့ ခြေတစ်ဖက်၊ လက်တစ်ဖက်ပြတ််တယ်။ နောက်ပြီး မျက်လုံးကန်းတာတွေရော ခြေပြတ်လက်ပြတ်တဲ့ကောင်တွေလည်း ရှိတယ်လို့ သတင်းပေးက ပြောပါတယ်။” လို့ ဆိပ်ဖြူတကိုယ်တော်ကျားဇိုး (LDF) က မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ဆိပ်ဖြူတကိုယ်တော်ကျားဇိုး (LDF) နဲ့အတူ ပေါက်တောင်ပိုင်းဇုန်(၁) ပကဖ အဖွဲ့ ၊ ရပ်ကျေး ပကဖ နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ (P.D.O/P.D.A) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
“ဒီမိုင်းဆွဲတိုက်ခိုက်မှုက ပေါက် အနောက်ပိုင်းက ရပ်ကျေး ပကဖ ၂ယောက်ကို စနိုက်ပါနဲ့ ချောင်းမြောင်းပစ်သတ်ခဲ့တာအတွက် လက်တုံ့ပြန်တာပါ။ မိဘပြည်သူတွေအနေနဲ့လည်း ကျနော်တို့ကို ထောက်ပို့ပေးဖို့တောင်းချင်ပါတယ်။ ကျနော်က ဖောက်ခွဲရေးပစ္စည်းကကိုယ်တိုင်ကိုယ်ကျ ဝယ်ရတော့များတော့ အားနည်းတယ်။ အလှူရှင်မရှိတော့ အခက်အခဲတွေရှိပါတယ်။” လို့ ဆိပ်ဖြူတကိုယ်တော်ကျားဇိုး (LDF) က ပြောပါတယ်။
ပုံစာ – ဆိပ်ဖြူတကိုယ်တော်ကျားဇိုး မိုင်းထောင်နေပုံနှင့် အသုံးပြုခဲ့သည့် တိုက်မိုင်းများ
0 Shares:
You May Also Like
Read More

ခလရ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ဦး လက်နက်မဲ့အလင်းဝင်လာ

၏ မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ( ၁၀၁ )လက်အောက်ခံ ခလရ ၂၅၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့ပေါ်မှာ ပကဖ ရဲဘော်များက ကင်းလှည့်ကာ  ရှောင်တခင် စစ်ဆေး၊ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ကြောင်း ထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်းက ခရီးသွားပြည်သူတွေကို လုံခြုံရေးအရ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ အရိုးပြာကို ကဝမြို့နယ် ပကဖ ဂူသွင်းပြီး အလံတစ်ဝက်ချ အလေးပြု

ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ရဲဘော်ဗထူးရဲ့ အရိုးပြာကို ဂူသွင်းခြင်း၊ အမိန့်ပြန်တမ်းဖတ်ကြားခြင်း၊ အလံတစ်ဝက်ချ ဂုဏ်ပြုအလေးပြုခြင်း၊ ချီတက်အလေးပြုခြင်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အခြေခံစစ်သင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်အနေနဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း အခြေခံစစ်သင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။
Read More

ကံမရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ဖမ်းဆီး၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကံမကျေးရွာကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂ရက်နေ့ ညပိုင်းမှာ သေနတ်တွေ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။