ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအတွင်း စစ်​ကြောင်းထိုးဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ အနီးကပ်ပစ်ခတ်တာတွေအပြင် မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်​ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၆ ရက် ညနေ ၃ နာရီခွဲကစလို့ ပဒဲရွာမြောက်ဘက် ဘုန်းကြီးကျောင်းဝန်းအတွင်း စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲထားတဲ့ အင်အား တစ်ရာပါ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက Anti jamming အဆင်မြင့် ဒရုန်းတွေနဲ့ Drop ဗုံးတွေ ကြဲချတိုက်ခိုက်ရင်း မြေပြင်ကနေလည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေ ဆုတ်ခွာရာလမ်းတစ်လျှောက်ကိုလည်း ဖြတ်တောက် မိုင်းဆွဲတာတွေ စနစ်တကျ လုပ်ဆောင်ခဲ့ရာမှာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေ များခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
” အဲ့ရွာမှာ တပ်စွဲဖို့ ဒီကောင်တွေ စစ်ကြောင်းထိုးလာတာ လဆန်းပိုင်းတည်းကပါ။ စစ်ကြောင်းထိုးပြီး တပ်စွဲတာကတော့ ၃ ရက်လောက်ရှိပါပြီ။ ကျနော်တို့အချိန်ယူပြီး ပြင်ဆင်တိုက်ခိုက်ခဲ့တာပါ။ သုံးတဲ့ Anti J​amming Drone တွေက စစ်တပ်ဂျမ်မာတွေကို ကျော်ဖြတ်နိုင်ပါတယ်။ ဒီကောင်တွေက အထိုင်ဂျမ်မာတွေရော လေတပ်မှာသုံးတဲ့ဂျမ်မာတွေပါ အခုနောက်ပိုင်းသုံးလာပါတယ်။ ဒရုန်းနဲ့ ဗုံးချပြီးတော့ နှစ်ဖက် ထိတွေ့တိုက်ပွဲ၁နာရီလောက်ဖြစ်ပြီး သူတို့ဘက်က ၁၂၀မမလက်နက်ကြီးတွေ၊ စက်လက်ကြီးတွေစပစ်တယ်။ အဲ့တာ​ကြောင့်ကျနော်တို့ လက်နက်တွေကောက်ချိန်မရခဲ့ပါဘူး။ နောက်သူတို့ လူနာတွေပြန်ထုတ်တဲ့လမ်းမှာလည်း မိုင်းဆွဲခဲ့ပါသေးတယ်။” လို့ ဝရဇိန်တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှာကို ဝရဇိန် ဒရုန်းတပ်ဖွဲ့၊ ချေမှုန်းတပ်ဖွဲ့တွေနဲ့အတူ သံတောင်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင် ၁ ယောက် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီနေ့ညမှာပဲ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ သံမိုးတောင်ရွာကို စစ်ကောင်စီက လက်နက်ကြီးတွေအကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ခဲ့သလို ခရစ်ယာန် RC ဘုရားကျောင်းကိုလည်းဝင်ရောက်မီးရှို့သွားခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့တာဝန်ရှိသူက ပြောခဲ့ပါတယ်။
ပုံစာ – ဝရဇိန်တပ်ဖွဲ့ဝင်တွေနဲ့ သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းတက်လာစဥ်
0 Shares:
You May Also Like
Read More

အမျိုးသမီး ၁ဦးကို ထိုးကြိတ်ကာ သေနတ်ပြ ခြိမ်းခြောက်မှု စွပ်စွဲချက်ဖြင့် နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံ စစ်ဆေးခံနေရ၊ ဆဲဆိုခဲ့ခြင်းသာဖြစ်ပြီး ရိုက်နှက်ခြိမ်းခြောက်ခြင်း မရှိခဲ့ဘူးဟု ဗိုလ်ဓူဝံ တုံ့ပြန်

အမျိုးသမီး ၁ယောက်ကို ထိုးကြိတ်ရိုက်နှက်ပြီး သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ထောက်အရာရှိ ရဲဘော်ဓူဝံကို ခေါ်ယူစစ်ဆေးမေးမြန်းနေပြီဖြစ်တယ်လို့ PDF နေပြည်တော် တိုင်းစစ်ဌာန၊ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မလေးဝန်ကြီးချုပ်နဲ့ သက်ဆင်တွေ့ဆုံ၊ မြန်မာ့အကျပ်အတည်းနဲ့ ဒေသတွင်းအရေး ဆွေးနွေး

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ Bernama သတင်းက ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။
Read More

တစ်နိုင်ငံလုံးလျှပ်စစ်မီး အပြည့်အ၀မပေးနိုင်တဲ့ နိုင်ငံမှာ လျှပ်စစ်ရထားပြေးဆွဲဖို့က ဦးစားပေးလို့ မင်းအောင်လှိုင်ဆိုပြန်

တစ်နိုင်ငံလုံးကို လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်သော်လည်း လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့ ကအရေးကြီးဆုံးဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းမကြီးဘေး တိုက်နယ်ဆေးရုံအတွင်းရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်က စစ်ကောင်စီတပ်တွေတပ်စွဲထားရာ ကျောက်တိုင်ကျေးရွာ၊ တိုက်နယ်ဆေးရုံဝန်းအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က အရာရှိအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံအနှံ့ ဗုံးကြဲနေသည့် စစ်ကောင်စီ အပစ်ရပ် ၁ လ သက်တမ်းတိုးကြောင်း ဟန်ပြထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပစ်ရပ်ကာလကို မေ ၆ ရက်ကနေ ၃၁ ရက်အထိ ၁ လ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။