အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ ဘာသာရေး အဆောက်အအုံပေါင်း ၅၃၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အင်အားပြင်းငလျင်ကြောင့် အများဆုံးထိခိုက်ခဲ့တဲ့ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက နေရာတွေမှာ အဓိကပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဘာသာရေး အဆောက်အအုံပေါင်း ၅,၃၂၄ ခု ထိခိုက်ပျက်စီးခဲ့ရပြီး အထူးသဖြင့် ဘုန်းကြီးကျောင်း၊ ဗလီ၊ ဓမ္မာရုံ၊ စေတီ၊ ခရစ်ယာန်ဘုရားကျောင်း တွေ အဓိကပါဝင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ဝန်းကျင်က မန္တလေးမြို့နဲ့ မိုင် ၂၀ ကျော်အကွာ၊ စစ်ကိုင်းကို ဗဟိုပြုပြီး ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိငလျင်လှုပ်ခတ်ခဲ့မှုမှာ ဘာသာရေးအဆောက်အအုံတွေနဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေလည်း ပြိုကျပျက်စီးခဲ့ရပါတယ်။
မန္တလေးမြို့က အထင်ကရ မဟာမုနိ နဲ့ သိမ်နီကြီး၊ ကုသိုလ်တော်၊ နန်းတော်မြို့ရိုး ၊ ရွှေစာရံ အစရှိတဲ့ နာမည်ကြီးဘုရားစေတီပုထိုးတွေလည်း ပါဝင်ခဲ့ပြီး စစ်ကိုင်းမြို့က သမိုင်းဝင် အမွေအနှစ်အချို့လည်း ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရပါတယ်။
မန္တလေး၊ စစ်ကိုင်း၊ ပျဉ်းမနား၊ သဲတောနဲ့ ရှမ်းပြည်တောင်ပိုင်းက ခရစ်ယာန်ဘာသာရေးကျောင်းတွေနဲ့ ဗလီတွေအမြောက်အမြားလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ငလျင်လှုပ်ခတ်မှုအပြီးလက်ရှိအချိန်အထိ အထက်ပါ ဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေဆဲလည်းဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မြိတ် – ထားဝယ်ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး ရုံးလုပ်ငန်းနဲ့ မှူခင်းအထူးသင်တန်း ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ မြိတ် - ထားဝယ်ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး ရုံးလုပ်ငန်းနဲ့ မှူခင်းအထူးသင်တန်း ပြုလုပ်ခဲ့တယ်လို့ KYO မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁ ယောက် အပါအဝင် ဒေသခံ (၆) ယောက် ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က စျေးရပ်ကွက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၆) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းမူမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

(၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို NUG ဝန်ကြီးတွေ ပါဝင်ဆင်နွှဲ (ဓာတ်ပုံသတင်း)

"လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်ဆင်နွှဲခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် အခြေခံစစ်သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ကယန်းဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ် နှောပင်ရွာတွင် စစ်ကော်မရှင် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် နှောပင်ရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့ရကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။