အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တရုတ်နိုင်ငံက Blue Sky Rescue အဖွဲ့ဝင်တွေပူးပေါင်းပြီး ရှာဖွေစဉ် ရုပ်အလောင်း (၁၀)လောင်းကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေကတော့ စုစုပေါင်း မ(၈)ဦးနှင့် မ ကလေး(၁)ဦး၊ ကျား ကလေး (၁)ဦးတို့ရဲ့ ရုပ်အလောင်းတွေ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုမှာ ဒီနေ့ ဧပြီလ ၇ ရက်အထိ စုစုပေါင်း တွေ့ရှိခဲ့တဲ့ ရုပ်အလောင်း ၁၀၀ ဝန်းကျင်အထိရှိသွားပြီလို့ သိရပါတယ်။

Sky Villa မှာ တရားဝင်နေထိုင်သူဟာ ၃၅၀ လောက်အထိရှိတာကြောင့် အဆောက်အအုံထဲမှာ ထပ်မံပြီး ရှိနိုင်သေးကြောင်း ဒေသခံတွေက ဆိုပါတယ်။

Sky Villa ဟာ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၃×၂၄ လမ်းကြားမှာရှိတဲ့ ၁၁ထပ် အဆောက်အအုံဖြစ်ပြီး ငလျင်လှုပ်ခတ်မှုအတွင်း အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။

(ဓာတ်ပုံ Myanmar Fire Service Department)

0 Shares:
You May Also Like
Read More

အညာဒေသ စစ်ဘေးရှောင် စာသင်ကျောင်းတွေအတွက် လေကြောင်းရန်ကာကွယ်နိုင်ဖို့ စကားပြောစက်တွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်းအတွက် စကားပြောစက်တွေကို မနေ့က နိုဝင်ဘာလ ၇ ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
Read More

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

မြိတ်ကနေ လေယာဥ်ဆီပေပါတွေ တင်ဆောင်ကာ ထားဝယ်ကို လာတဲ့ ငါးဖမ်းစက်လှေ ၂ စီးကို စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ လေယာဉ်ဆီပေပါတွေ တင်ဆောင်ကာ ထား၀ယ်ကို မောင်းနှင်လာတဲ့ ငါးဖမ်းစက်လှေနှစ်စီးကို စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး ပကဖ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်သေဆုံး

ပဲခူးတိုင်း တောင်ငူမြို့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ဌာနချုပ်ဝန်းထဲက အဆောက်အအုံတွေပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ ၅ ယောက်သေပြီး အရာရှိတွေအပါ ၄ ယောက်ထိခိုက်သွားတယ်လို့ Brave…
Read More

အသက် ၂၀ ကစလို့ တော်လှန်ရေးတာဝန်များ ၄ နှစ်ကြာ ထမ်းဆောင်ပြီးနောက် တပ်စိတ်မှူး ရဲဘော် ပေါက်စ ကျဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်ပေါက်စရဲ့ စျာပနအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - PLF က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) မှ သင်တန်းသားအသစ်များ လက်ခံခေါ်ယူနေ

အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပေါ်တာဆွဲခြင်းနဲ့ တိုင်းပြည်အခြေအနေ အရပ်ရပ်ကြောင့် တော်လှန်တိုက်ပွဲဝင်လိုပြီး ယုံကြည်ချက်ခိုင်မာတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ တပ်သားသစ်အဖြစ် ဆက်သွယ်ဝင်ရောက်နိုင်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က ထုတ်ပြန်ထားပါတယ်။