အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF  ရဲဘော်အောင်ဖြိုးဝေ (ခ) ဗလကြီး (ခ)နတ်ဆိုးရဲ့ စျာပနအခမ်းအနားကို ဧပြီ ၆ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

BLDF ရဲ့ စစ်ဒေသ(၃) သလ္လာဝတီစစ်ကြောင်းက ရဲဘော်အောင်ဖြိုးဝေ (ခ) ဗလကြီး (ခ)နတ်ဆိုးဟာ ရှေ့တန်းစစ်မျက်နှာ တစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို ရဲရင့်စွာ တော်လှန်တိုက်ပွဲဝင်ရင်း ဧပြီလ ၄ ရက်မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်အောင်ဖြိုးဝေကို ဝမ်းနည်းခြင်းများစွာနဲ့အတူ  ဂုဏ်ပြုဦးညွှတ် အလေးပြုကြောင်း BLDF က ဆိုပါတယ်။

ကျဆုံးရဲဘော်ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆက်လက်စွဲကိုင်ပြီး ခရီးဆုံးခန်းတိုင်အောင် ချီတက်မယ်လို့ BLDF ရဲဘော်ရဲဘက်တွေ ကတိသစ္စာအဓိဌာန်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အောင်ပန်းမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူများအတွက် ၄ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်အာဏာရှင်တွေကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးခဲ့သူတွေနဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေအတွက် (၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ (P3.-9702) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်တပ်ကြောင့် ၁၈ နှစ်အောက်ကလေး အယောက် ၃၀ ကျော် သေဆုံးခဲ့

လက်ရှိ အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် မြန်မာပြည်တဝန်း သေဆုံးသူ ၃၅ ယောက်ရှိခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံရေးမှာ ရိုးသားဖို့လိုပြီး မရိုးသားခြင်းရဲ့ ရလဒ်ကို မိမိတို့နိုင်ငံ ခံစားနေရတယ်လို့ မင်းအောင်လှိုင် တပြန်ကြီးပြော

နိုင်ငံရေးမှာ ရိုးသားဖို့ လိုအပ်ပြီး ရိုးသားမှုမရှိခြင်းရဲ့ အကျိုးဆက်ကို လက်ရှိမိမိတို့နိုင်ငံမှာ မြင်တွေ့နေရပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မော်လမြိုင်တွင် ကျောင်းဆရာမ တဦး အသတ်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အငြိမ်စားကျောင်းဆရာမ တယောက်နေအိမ်အတွင်းထဲ အသတ်ခံရပြီး သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေဆီက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမပေါ်ရှိ မုံရွေးတိုးဂိတ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်သိမ်းပိုက်မှု စစ်အုပ်စု ၈ ဦး သေပြီး၊ လက်နက် ၅ လက် ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ မုံရွေးတိုးဂိတ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ အကြမ်းဖက် စစ်သား ၈ ယောက် သေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Budalin Defense Force (BDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဒီပဲယင်း စစ်ဆင်ရေးမှာ အကြမ်းဖက်စစ်တပ်ရဲ့ မိုင်းတာဝန်ခံတစ်ယောက်ကို ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ မိုင်းတာဝန်ခံ စစ်သားတစ်ယောက်ကို အရှင်ဖမ်းဆီးရမိထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။