စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာပြည်သူတွေ ငလျင်ဘေးဒဏ် ခံစားနေရမှုအပေါ် ကမ္ဘာက ပိုမိုသိရှိပြီး အကူအညီတွေ ရရှိစေဖို့ နိုင်ငံတကာ လွှတ်တော် အသိုင်းအဝိုင်းကို သတင်းစကားပေးနိုင်အောင် ကြိုးစားနေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာ့ရှ်ကင့်မြို့မှာ ပြုလုပ်နေတဲ့ (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံကို  ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတယ်လို့ CRPH က အသိပေးဖော်ပြထားပါတယ်။

“ကျနော်တက်ရောက်ခဲ့တဲ့ အချိန်တိုင်းမှာ ပြည်သူတွေရဲ့ ဒုက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ပြည်သူတွေအတွက် လိုအပ်ချက်တွေ၊ ဒါတွေအတွက် နိုင်ငံတကာက သိအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒီတစ်ခေါက်ကတော့ ပိုပြီးတော့ ထူးခြားတာ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေဟာ ဒုက္ခတွေ ခံစားနေရတဲ့ကြားက နောက်ထပ် ဒုက္ခတစ်ခု ထပ်ဆင့်လာတာ ဖြစ်ပါတယ်။ ဒါဟာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ကြီးမားတဲ့ ငလျင်ဒဏ်ကို ခံရတာ ဖြစ်ပါတယ် “ လို့ ဒေါက်တာ ဝင်းမြတ်အေးက ဆိုပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို နိုင်ငံတကာပါလီမန်တွေက မြန်မာနိုင်ငံရဲ့ တရားဝင် ကိုယ်စားပြုအဖွဲ့အစည်းအနေနဲ့ အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူ့ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာပါလီမန်စင်မြင့်ကနေ မြန်မာ့အရေးကို သတင်းစကားပေးဖို့ ကိုယ်စားလှယ်တွေက ကြိုးစားနေတာဖြစ်ပါတယ်။

“ဒီလို ကြီးမားပြင်းထန်တဲ့ သဘာဝဘေးကြီး ဖြစ်လာတဲ့အခါမှာ ပြည်သူတွေရဲ့ ဒုက္ခဟာ တော်တော်ကို ဆိုးရွားတဲ့ အခြေအနေကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ၊ နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာတဲ့အချိန်မှာ ကျနော်တို့အနေနဲ့ ဘယ်လိုနည်းနဲ့ ပြည်သူလူထုကို ကယ်ဆယ်ရမလဲဆိုတဲ့ ကိစ္စကို ဆွေးနွေးဖို့ လိုပါတယ်” လို့ ဒေါက်တာ ဝင်းမြတ်အေးက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဒီဇင်ဘာမကုန်ခင် ပန်းရောင်ကတ် လုပ်ပေးမယ်လို့ ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ တရားဝင် အလုပ်လုပ်ခွင့်ကတ်ကို လာမယ့် ဒီဇင်ဘာလ ၃၀ ရက်မတိုင်ခင် ပြုလုပ်ပေးသွားမယ်လို့ မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Read More

AA ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ပေးရန် အာဂျင်တီးနားတရားရုံးထံ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း တောင်းဆို

အာရက္ခတပ်တော် (AA) ရဲ့ ခေါင်း‌ဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နဲ့ အမိန့်ပေးကွပ်ကဲမှုတွေမှာ ပါဝင်သူတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က အာဂျင်တီးနား ဖက်ဒရယ်တရားရုံးကို တောင်းဆိုလိုက်တယ်လို့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံအနေနဲ့ မြန်မာလူထုအပေါ် စာနာစိတ်ထား ကူညီပေးဖို့နဲ့ ယာယီနေထိုင်ခွင့်ပေးရေး NUCC တိုက်တွန်းတောင်းဆို

လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဆီက ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူလူထုအပေါ် ထိုင်းနိုင်ငံအနေနဲ့ စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်တွေကို ရေးဆွဲ အတည်ပြုပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က စက်တင်ဘာလ ၂၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ဗင်နီဇွဲလားနိုင်ငံဘက်က ထွက်ခွာလာတဲ့ ရုရှားအလံလွှင့် ရေနံတင်သင်္ဘောတစင်းကို အမေရိကန်ရေတပ် ဝင်ရောက်စီးနင်း

အမေရိကန်ရေတပ်က  ဗင်နီဇွဲလားနိုင်ငံဘက်က ထွက်ခွာလာတဲ့ ရေနံတင်သင်္ဘောတစင်းကို ဇန်နဝါရီ ၇ ရက်၊ ဒီကနေ့မနက်မှာ ဝင်ရောက်စီးနင်းလိုက်တယ်လို့ နိုင်ငံတကာသတင်းများမှာ ဖော်ပြနေပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် ပြော

လာအိုမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေအတွင်း မြန်မာ့အရေးပြဿနာဟာ ခေါင်းစဉ်ကြီးတရပ်ဖြစ်ခဲ့တဲ့အလျှောက် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ ထိုင်းဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးဖွင့်ပွဲနေ့မှာ တောင်းဆိုခဲ့ပါတယ်။