မန္တလေးတိုင်း၊ တောင်သာမြို့နယ်အနောက်ခြမ်းမှာ ခရီးသွားပြည်သူတွေကို ရိုက်နှက်ပြီး ပစ္စည်းလုယက်နေတဲ့အဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ထုတ်ပြန်ပါတယ်။

မတ်လ ၁၅ ရက်ကစလို့ တောင်သာမြို့နယ် အနောက်ခြမ်းက ဘီးနွယ်ကုန်းကျေးရွာအနီး ချောင်ကျတဲ့ လမ်းပိုင်းကို အခြေပြုကာ ခရီးသွားပြည်သူတွေကို ခြိမ်းခြောက်ရိုက်နှက်ပြီး ဆိုင်ကယ်၊ ဖုန်း၊ ငွေကြေးတွေကို လုယက်နေတဲ့ အဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

၃ ယောက်ပါဝင်တဲ့ ခိုးဆိုးလုယက်အဖွဲ့ကို ဖမ်းဆီးရမိချိန် ပစ္စတိုသေနတ် ၁ လက်၊ ဓား ၁ ချောင်း၊ လုယက်ထားတဲ့ ဖုန်းတွေနဲ့ ငွေကြေးအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူ ၃ ယောက်ရဲ့ ထွက်ဆိုချက်အရ ပူးပေါင်းပါဝင်တဲ့ အခြား ၁ ယောက်ကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ခိုးဆိုးလုယက်သူများ
၎င်းတို့ထံမှ သိမ်းဆည်းရမိပစ္စည်းများ
0 Shares:
You May Also Like
Read More

“လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာတန်းပါ တီရှပ်နဲ့ မြင်ရတဲ့ တောင်ပိုင်းစစ်ဒေသက PDF အထူးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တောင်ပိုင်းစစ်ဒေသ အထူးတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာလ (၁၀)ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာတန်းပါ တီရှပ်ကို ဝတ်ဆင်ကာ 16 Days of Activism မှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ခင်ဦးမှာ စစ်တပ်ထုတ်ကုန် အရက်၊ဘီယာတွေကို ဖျက်ဆီးနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမှာ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ အရက်နဲ့ဘီယာတွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံက သိရပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်း အပတ်စဉ်(၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တောင်ပိုင်းစစ်ဒေသမှာ အခြေစိုက်ထားတဲ့ ကျားသစ်နက်စစ်ကြောင်းရဲ့ အပတ်စဥ် (၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ကြောင်း ဒီနေ့ဧပြီလ ၁၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မိတ္ထီလာမှာ စစ်ကောင်စီ လေတပ်စခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အရပ်သားတွေပေါ်တာဆွဲ ငွေညှစ်ခံရမှု ပိုများလာ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က ရှမ်းတဲလေတပ်စခန်းအပါအဝင် တပ်မ ၉၉ဌာနချုပ်တို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက  မြို့နယ်အတွင်းအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံတွေဆီကသိရပါတယ်။
Read More

ရေတပ်နဲ့ သံချပ်ကာ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကောင်စီတပ်ရဲ့ ရေတပ်နဲ့ သံချပ်ကာပြင်ဆင်ရေးတပ်က တပ်ကြပ်ကြီးနှစ်ဦး ရန်ကုန်တိုင်းစစ်ဌာနထံ ခိုလှုံ ဝင်ရောက်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းစစ်ဌာနက အသိပေး ထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာဘူတာအနီးရှိ စစ်တပ်ကင်းပုန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က မျက်မြင် ၄ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က မနေ့က ထုတ်ပြန်ပါတယ်။