မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံမှာ အင်အား ၈၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို  မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်တော် (Bamar Army) က သတင်းထုတ်ပြန်လိုက်ပါတယ်။

တညောင်ဓာတ်အားခွဲရုံကနေ ပြည်သူလူထုကို ဗုံးကြဲဖို့အတွက် ဗုံးတွေ ထုတ်လုပ်နေတဲ့ ကပစ (၂၀၊ ၂၁၊ ၂၅) နဲ့ ဆိပ်ဖြူမြို့နယ်ရှိ အမှတ် (၉) လေကြောင်းရန် ကာကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေး ဌာနချုပ်သို့ ဓာတ်အားပို့လွှတ်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့အတွက် တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာသည့် စစ်ကော်မရှင်တပ်သားတွေကို စောင့်ကြိုတိုက်ခိုက်၊ အလောင်း ၂ လောင်းနှင့် လက်နက်အချို့သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု ကမ်းပြိုကြီးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၂ ယောက်သေဆုံးပြီး လက်နက်အချို့သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတင်းထုတ် ပြန်ထားပါတယ်။
Read More

အညာမြေတပ်ပေါင်းစုမှ ကျဆုံးရဲဘော်များ၏ မိသားစုတစ်စုလျှင် ကျပ် ၁၄၅ သိန်းထောက်ပံ့ပေးအပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုဦးညွှတ် (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ မိဘတွေထံ သွားရောက်ကာ မိသားစုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၁၄၅ သိန်းပေးအပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ရဲ့ ဂုဏ်ပြုဦးညွှတ်ခြင်းနဲ့ ရှိခိုးကန်တော့ခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတုန်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၅ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မင်းတုန်းမြို့နယ်ရှိ ငှက်ပျင်း၊ မြောက်ပြင်၊ ကြို့ဝကျေးရွာတွေကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ ရာ ၅ ယောက်သေသွားခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်ထံက သိရပါတယ်။
Read More

မြောင်မြို့မရဲစခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ပြည်သူများထံ ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တော်လှန်တိုက်ပွဲဝင်ကြမည့် ရဲဘော်၊ ရဲမေ အသစ်များ ခေါ်ယူ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တော်လှန်ရေးတိုက်ပွဲဝင်ကြမယ့် ရဲဘော်၊ ရဲမေ အသစ်တွေကို SSNDF / KNDF B-101 က ခေါ်ယူနေတယ်လို့ သိရပါတယ်။