ကျန်းမာရေးရှုထောင့် အကြောင်းပြကာ ငလျင်ဘေးသင့်ဒေသတွေမှာ ကုန်ခြောက်တွေကိုသာ ထွေအုပ်ရုံးတွေကတဆင့် လှူဒါန်းဖို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ချက်ပြုတ်ပြင်ဆင်လာတဲ့ အစားအသောက်တွေ မလှူဖို့နဲ့ ကုန်ခြောက်တွေကိုသာ ထွေအုပ်ရုံးတွေကတဆင့် လှူဒါန်းကြဖို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအသောက်တွေက ကျန်းမာရေးထိခိုက်နိုင်တယ်လို့ အာဏာသိမ်း စစ်တပ်က ဆိုပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေမှာ လှူဒါန်းနေကြတဲ့ အလှူရှင်တွေအနေနဲ့ စခန်းတွေမှာ နေထိုင်သူတွေကို ပူပူနွေးနွေး ချက်ပြုတ်ကျွေးမွေးနိုင်ဖို့  ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနဲ့  လတ်ဆတ်တဲ့ အသားငါးတွေကိုသာ ပေးပို့လှူဒါန်းဖို့ လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အလှူရှင်တွေဘက်ကတော့ အုပ်ချုပ်ရေးမှူးရုံးကတဆင့် လှူဒါန်းရင် လိုအပ်သူတွေထံ လက်ဝယ်မရောက်မှာကို စိုးရိမ်မှုတွေရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ငလျင်ဘေးသင့် ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်မှုအပိုင်းတွေမှာ အတားအဆီး အကန့်အသတ်တွေ လုပ်ဆောင်လျက်ရှိနေပါတယ်။

စကစ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

ကရင်နီပြည် ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ကျော်ကို လက်ခံဆောင်ရွက်နိုင်ခဲ့

ကရင်နီပြည်မှာ ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ ကျော်ကို လက်ခံဆောင်ရွ့က်နိုင်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်အဖွဲ့အမည်ခံပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ခြိမ်းခြောက်ငွေတောင်းသူ နှစ်ယောက်ကို ဖမ်းမိတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ထုတ်ပြန်

အကြမ်းဖက်အဖွဲ့အစည်းဆိုပြီးအမည်ခံကာစီးပွားရေးလုပ်ငန်းရှင်တွေဆီကခြိမ်းခြောက်ငွေတောင်းသူနှစ်ယောက်ဖမ်းဆီးရမိထားတယ်လို့အကြမ်းဖက်စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင် အတွင်းကို စစ်အုပ်စု လက်နက်ကြီးပစ်ခတ်၍ ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း ၊ ညောင်ပေးပင် ( ခလယ်လွီထူ)ခရိုင်ထဲကို အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ KNU ‌ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ အတွင်း စစ်ကော်မရှင်တပ်မှ အလင်းဝင်သူနှင့် စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၀၀၀ ကျော် ရှိလာ

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု စက်တင်ဘာလ ပထမပတ်အထိ အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ကနေ အလင်းဝင်လာသူတွေနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

အလွမ်းကဖီးရဲ့ ဒေါင့်လေးမှာ ဂျေညီညီ မရှိတော့ပါ

၁၉၈၀ ခုနှစ် ရေဒီယိုခေတ်တွေမှာ တချိန်ကနာမည်ကြီးခဲ့တဲ့ တေးသံရှင် ဂျေညီညီဟာ ဒီနေ့ မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
Read More

ကန့်ဘလူမှာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံတို့ ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။