မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ပေါ်က ဆေးရုံအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

ဧပြီလ ၁ ရက် နေ့လယ်ပိုင်းမှာ MBT တပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံးနဲ့ အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆေးရုံဝန်းအတွင်းရှိနေတဲ့ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်သေဆုံးကာ ဗိုလ်အပါ ထိခိုက်ဒဏ်ရာရခဲ့သူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“အဲ့နေ့ နေ့လယ်ပိုင်းလောက်မှာ ကျနော်တို့ရဲဘော်၂ယောက် ဆေးရုံဝန်းနားအထိ ကပ်ပြီး လက်ပစ်ဗုံး ၂လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကင်းစောင့်နေတဲ့ စခ ၃ယောက် သေတယ်။ ဒဏ်ရာရတဲ့အထဲကျ ဆီမီးခုံက ဗိုလ်၁ယောက်ပါတယ်။ အခုတော့ သူတို့တွေ လုံခြုံရေးကင်းကို အင်အားပြန်တိုးထားကြတယ်” လို့ Myingyan Black Tiger ( MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးနိုင်မှုတွေ ထပ်မံရှိနိုင်သေးတာကြောင့် MBT ဘက်က ဆက်လက်စုံစမ်းနေတယ်လို့လည်း သိရပါတယ်။ 

ဧပြီလ ၁ရက်၊ အဲ့ဒီနေ့ မနက်အစောပိုင်းကပဲ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရွာမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၂ ယောက် သေဆုံးခဲ့ပါသေးတယ်။

MBT တပ်ဖွဲ့ဝင် ၁ဦးကို ဆီမီးခုံမြို့အဝင်တွင် တွေ့ရစဉ်
0 Shares:
You May Also Like
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ (၅၅၇) မှ စစ်သား (၂) ဦး တနင်္သာရီမြို့နယ်ပကဖထံ အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၅၇ တပ်ရင်းက စစ်သား ၂ ယောက် လက်နက်နဲ့အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်ရဲ့ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ - အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် က ရှေ့တန်း၊ နောက်တန်းနဲ့ အခြေခံစစ်သင်တန်းတွေအပါ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရန်ကုန်မှာ “စစ်အာဏာရှင်ကိုတော်လှန်နေတာ သင်တိုနဲ့မဆိုင်ဘူး ကျော်သွားကြပါ၊စစ်မှုထမ်းဖို သွားကြပါ” စာသားနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့က လူစည်ကားရာ စျေးတစ်ခုမှာ “စစ်အာဏာရှင်ကိုတော်လှန်နေတာ သင်တိုနဲ့မဆိုင်ဘူး ကျော်သွားကြပါ၊စစ်မှုထမ်းဖို သွားကြပါ” စာသားနဲ့ ပြည်သူလူထုကို လှုံ့ဆော်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တန့်ဆည်တွင် တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရထားကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံးပန့်တွေ ဖမ်းဆီးရမိထားတယ်လို့ အမှတ်(၁)စစ်ဒေသ၊ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပူတာအိုကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ KPF အသိပေး

ပူတာအိုဒေသမှာ မကြာခင် ရာနှုန်းပြည့် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအားလုံး အထူးသတိပြုပြီး ကြိုတင်ကာကွယ် ပြင်ဆင်ကြဖို့  ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPF) က ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ 
Read More

အသက် ၆၀ ကျော် အရွယ်ကို စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။