မန္တလေးတိုင်းအတွင်း မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေရာ အရပ်သားထိခိုက်မှုတွေ ရှိနေကြောင်း သိရပါတယ်။

စစ်ကောင်စီက အထက်ပါမြို့နယ်တွေကို ဂျက်ဖိုက်တာအသုံးပြုကာ လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး လောလောလတ်လတ်လည်း ငလျင်ဘေးဒဏ်သင့်ထားတာကြောင့် ပြည်သူတွေ မြေပြင်မှာ အတော်လေး အခက်အခဲကြုံတွေ့နေရတယ်လို့လည်း ပြင်ဦးလွင် ခရိုင် ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဧပြီလ ၅ရက်၊ မနေ့က နေ့လည်ဘက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း၊ ပင့်ကူတောင်အောက်မှာရှိတဲ့ပြည်သူပိုင်ခြံဝန်းတစ်ခုထဲကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးသီး၂လုံးကြဲချသွားကြောင်း သိရပါတယ်။

အဲ့ဒီနေ့ တစ်ဆက်တည်းမှာပဲ မတ္တရာမြို့နယ်၊ ဘိုကုန်းရွာအနီးကို ဂျက်ဖိုက်တာနဲ့ ၂ကြိမ်လေကြောင်းတိုက်ခိုက်သွားတယ်လို့ ပြင်ဦးလွင် ခရိုင် ပကဖတာဝန်ရှိသူကပြောပါတယ်။

အထက်ပါတာဝန်ရှိသူရဲ့ပြောကြားချက်အရ ပြင်ဦးလွင်ခရိုင်အတွင်းက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း မြို့နယ်တွေမှာ ငလျင်ဘေးဒဏ်ကြောင့် နေအိမ်အဆောက်အဦး ပြိုကျမှုတွေရှိခဲ့ပြီး သေဆုံးသူ ၄၄ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိထားတယ်လို့ သိရပါတယ်။

စ‌ဉ့်ကူးမြို့နယ်အတွင်း သေဆုံးသူ ၃၆ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ အယောက် ၉၀အထိရှိခဲ့ပြီး ၂၀ မှာ ဒဏ်ရာပြင်းထန်ကြောင်း၊ မတ္တရာမြို့နယ်မှာလည်း ဒဏ်ရာရသူ ၁၇ယောက်နဲ့ သေဆုံးသူ ၈ယောက် (မတ္တရာမြို့ပေါ်မပါ) အထိရှိခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာ ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ နေရာတွေဆီ အရပ်ဘက်အဖွဲ့စည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်လုပ်ကိုင်ရာမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို သတိထားနေရကြောင်း​ပြောပါတယ်။

“မိုးကုတ်နဲ့ စဉ့်ကူးကကျတော့ စစ်ကောင်စီလုံးဝကင်းစင်သွားတော့ သူတို့အနေနဲ့ ခြေလျင်ကြောင်းထက် လေကြောင်းကနေပဲ ပြည်သူတွေနဲ့ PDF တွေကို ရည်ရွယ်တိုက်ခိုက်နေတဲ့ သဘောပါ။ တိုက်ပွဲလည်း အဲ့နေရာတွေမှာမရှိပါဘူး” လို့ပြင်ဦးလွင် ခရိုင် ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီလေကြောင်းရန်ကို ကာကွယ်နိုင်ဖို့တူးထားတဲ့ ဗုံးခိုကျင်းတွေလည်းငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သလို ပြည်သူတွေလည်းဒုက္ခရောက်နေရကြောင်းသိရပါတယ်။

“အခုက ငလျင်​ကြောက်နေရတော့ ဗုံးခိုကျင်းထဲလည်း ဘယ်သူမှမပုန်းရဲဘူး။ ဗုံးခိုကျင်းတွေလည်း ပျက်ကုန်တယ်။ ငလျင်လှုပ်တဲ့အချိန်မှာ သစ်သားတန်းတွေက ကွဲကုန်တယ်။ သဲအိတ်တွေလည်း ပြိုကျပေါ့။ ပြည်သူတွေလည်း အတော်လေးဒုက္ခများပါတယ်။” လို့ ပြင်ဦးလွင် ခရိုင် ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အပစ်ရပ်ကြောင်းပြောကြားခဲ့ပြီးတဲ့နောက် မတ်လ ၂ရက်နေ့ကစလို့ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုတွေ အကြောင်းမဲ့လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မိုးကုတ်နှင့် စဉ့်ကူးတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့စဥ် (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ဖွဲ့စည်းပုံပျက်အောင် တိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေ ကြိုဆို

ဘုတလင်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သပြေညိုနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီပဲယင်းနဲ့ ရေဦးအနောက်ခြမ်းကို စစ်ကောင်စီ‌ လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးကြီးတစ်ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နဲ့ ရေဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မုံရွာတွင် ဆက်ကြေးကောက်ရန်ထွက်လာသည့် ရဲများကို တိုက်ခိုက်ရာ ဒုရဲအုပ်အပါ ရဲ ၄ ဦး သေဆုံး

စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်မှာ အိမ်စီးကားတစီးနဲ့ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ရဲတွေကို တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ရာ ရဲအရာရှိ ၃ ယောက်အပါအဝင် ရဲ ၄ ယောက် သေဆုံးခဲ့ပြီး လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Budalin Mobile Team ထံက သိရပါတယ်။ 
Read More

စစ်အာဏာရှင်လက်အောက် မြန်မာပြည်သူအများစု စိတ်ခံစားမှုအခြေအနေ ဆိုးဝါးလာနေဟု စစ်တမ်းများ ဖော်ပြ

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ရေးပဋိပက္ခ၊ စီးပွားရေး အခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးတွေဟာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရသလဲဆိုတာကို စစ်တမ်းတွေက ဖော်ပြနေပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၁၁) တပ်ရင်း၏ အပတ်စဥ် (၉) အခြေခံ စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်း-ကရင်နီ တိုင်းစစ်ဒေသ လက်အောက်ခံ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၁၁) တပ်ရင်း)ရဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ Pa-O National Defense Force (PNDF) က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ နမခမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ‌ တော်လှန်ရေးတပ်ဖွဲ့ထံကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒို့အရေးချန်နယ်ဆီက သိရပါတယ်။